ကမ္ဘာ့အမြန်ဆုံးလို့ဆိုတဲ့ Kawasaki Ninja H2R မော်တော်ဆိုင်ကယ် မော်ဒယ်က ၁၀၀၀ စီစီသုံး အင်ဂျင်တပ်မော်ဒယ်။ ဒီနေ့ ဈေးကွက်ဝင်မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံးမော်ဒယ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ အင်ဂျင်က တမိနစ် လည်ပတ်အား အပတ်ရေ ၁၄၀၀၀မှာ မြင်းကောင်ရေ ၃၁၀အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ အခု အင်ဂျင်အရွယ်က ပြည်တွင်းမှာ လူစီးများတဲ့ Suzuki Carryရဲ့ အင်ဂျင်နဲ့ အရွယ်တူလည်း ဖြစ်ပြီး စွမ်းအင်ထုတ်လုပ် ပေးနိုင်မှုကတော့ မြင်းကောင်ရေ ၃၁၀အား ဖြစ်လို့ ပြိုင်ကားတွေရဲ့စွမ်းအင် ထုတ်လုပ်နိုင်စွမ်းလောက်ထိအောင် ရှိတာ လည်း ဖြစ်ပါတယ်။ လေးလုံးထိုးအင်ဂျင်စနစ် ဖြစ်ပြီး 4 Stroke ပုံစံပါ။ ကိုယ်ထည်အလေးချိန်က ဆီမပါဘဲ၂၁၆ ကီလိုဂရမ် လေးပါတယ်။ ဆီ တိုင်ကီကတော့ ၁၇ လီတာထိအောင် ဆံ့ပါတယ်။ ဓာတ်ဆီထည့်မောင်းရမှာပါ။ ဂီယာချက် ၆ချက် ထည့်သွင်းဖန်တီးထားပါ တယ်။ ဂီယာပိုင်းမှာ Manualနဲ့ သွားမှာ ဖြစ်ပြီး ဘရိတ်ပိုင်းမှာ ABS နဲ့ ထိန်းပါတယ်။ ရှေ့ဘက်ဘရိတ်က ၃၃၀မီလီ Discနဲ့ ထိန်း ပြီး နောက်ဘက်ကတော့ ၂၅၀ မီလီ Disc နဲ့ ဖြစ်ပါတယ်။ Suspension မှာက ရှေ့ဘက်ကို Fork နဲ့ပဲ ထိုင်ထားပြီး ၄၃ မီလီ စပရိန်အထိုင်နဲ့ ဖြစ်ပါတယ်။ နောက်ဘက် Suspension က ပင်မအထိုင်ကို Uin-Trakနဲ့ သွားပြီး အခြား မြန်နှုန်းမြင့်အနေအထားမှာ တည်ငြိမ်မှု အကောင်းဆုံးပေးမယ့် မြန်နှုန်း အ နေအထားအပေါ် မူတည်ပြီး ချိန်ညှိနိုင်မယ့် Forkတွေ ထည့်ထားသေးတာ တွေ့ရပါတယ်။ တာယာမှာ ရှေ့ဘက်က 120/600 R17ထည့်ရမှာ ဖြစ်ပြီး နောက်ဘက်က 190/650 R17တွေ ထည့်ရမှာပါ။ တာယာ အ ရွယ်အစားမတူပေမယ့် ဘီးတွေကတော့ ရှေ့ရောနောက်ဘက်ပါ ၁၇လက်မတွေ ဖြစ်ပါတယ်။ ခွေသားတွေက Alloyတွေ ဖြစ်ပါတယ်။ ကိုယ်ထည်က မြေပြင်ကနေ ၁၃၀ မီလီထိအောင် ကွာဟပါတယ်။ လမ်းကြမ်းပိုင်း မောင်းနှင်မယ်ဆိုရင်တော့ အမြန်နှုန်း နှိမ့်ချမောင်းရမယ်၊ ရှေ့နဲ့ နောက်ဘက် Suspnsion စနစ်တွေကို နည်းနည်း ပြန်ပြီး ချိန်လိုက်မယ်ဆိုရင် ဟန်ချက်ညီလာနိုင်ပါတယ်။ ဒိုင်ခွက်မှာက မြန်နှုန်းပြ ဒိုင်ခွက်၊ အင်ဂျင်လည်ပတ်အားပြ ဒိုင်ခွက်၊ ခရီးစတင် ထွက်ရှိချိန်ကနေ ဘယ်လောက်ထိအောင် သွားပြီးပြီ ဆိုတာ ပြမယ့်ခရီးမိုင်ပြ ဒိုင်ခွက်၊ နာရီ၊ ABS ဘရိတ်ပိုင်းဆိုုင်ရာ အချက်ပြ မီးစနစ်၊ ဂီယာချက်ပြစနစ်၊ ဆီလက် ကျန် ပမာဏပြစနစ်၊ ဆီပမာဏ နည်းရင်း အချက်ပြမယ့်စနစ်၊ ဂီယာချက် ထည့်သွင်းမောင်းနှင်ဖို့ အချက်ပြစနစ်၊ ချို့ယွင်း မှုအတွက် အချက်ပြစနစ်၊ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီနဲ့ အခြား အင်ဂျင်ပိုင်းဆိုင်ရာ ဆီပမာဏ နည်းရင် အချက်ပြမယ့်စနစ်၊ ဘက်ထရီ အားနည်းနေကြောင်း အချက်ပြမယ့်စနစ်၊ အင်ဂျင်အမြင့်ဆုံး လည်ပတ်အား ရောက်ရှိနေကြောင်း အချက်ပြ မယ့်စနစ်တွေ ပါရှိပါတယ်။ အင်ဂျင်စက်နှိုးဖို့အတွက် လျှပ်စစ်မော်တာ ထည့်ထားပြီး အလွယ်စက်နှိုးနိုင်အောင် ဖန်တီးထားတယ်၊ Free ရိုက်ချင်တဲ့ အ ချိန်မှာ စက်သတ်နိုင်မယ့်စနစ်ပါတယ်၊ မောင်းနှင်မှုအပိုင်းမှာ Mode ပြောင်းလဲ ရွေးချယ်မောင်းနှင်နိုင်ပြီး လမ်းကြောင်း အ နေအထားအပေါ် ပြောင်းလဲမောင်းနှင်နိုင်မှာပါ။ ဒီမော်ဒယ်ရဲ့ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းကတော့ လန့်မသွားပါနဲ့။ တနာရီ ကီလိုမီတာ ၄၀၀ (၂၄၉မိုင်)ထိအောင် မောင်းနှင် နိုင်ပါတယ်။ အဆိုပါ အမြန်ဆုံးနှုန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်းက တူရကီ ဆိုင်ကယ်မောင်းသမား Kenan Sofuoglu က စံချိန် တင် မောင်းနှင်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အမြန်ဆုံးကားအဖြစ် သတ်မှတ်ခံထားရတဲ့ Bugatti Chiron ကို ကောင်းကောင်း အမီလိုက်နိုင်မယ့် မော်ဒယ် ပါ။ ပြည်တွင်းမှာလည်း Kawasaki ဆိုင်ကယ်အသင်းရှိတဲ့အပြင် တန်ဖိုးကြီး ဆိုင်ကယ်စုဆောင်းသူတွေ၊ ကျွမ်းကျင် အဆင့် မောင်းနှင် စီးနင်းနေသူတွေ ရှိနေတော့ အခု မော်ဒယ်ကိုလည်း စိတ်ဝင်စားရင် နိုင်ငံတကာမှာတော့ ဒေါ်လာ ၅၅၀၀၀ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ www.cheatsheet.com The post ကမ္ဘာ့အမြန်ဆုံးလို့ဆိုတဲ့ Kawasaki Ninja H2R မော်တော်ဆိုင်ကယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2wWvtbs
via IFTTT
No comments:
Post a Comment