Tuesday, August 15, 2017


စိတ်လှုပ်ရှားစရာတွေ တွေ့ကြုံရမယ့် ပြင်သစ် Ligue 1 ဘောလုံးပြိုင်ပွဲ ဘောလုံးဝါသနာရှင် ပရိသတ်တွေ အနေနဲ့ ပြင်သစ် ပြည်တွင်း အမှတ်ပေး ဖလားပြိုင်ပွဲ Ligue 1 ကို တခြား နာမည်ကြီး ဥရောပ အမှတ်ပေးဖလား ပြိုင်ပွဲတွေလိုပဲ ကြိုက်နှစ်သက်မှု များပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့အောက်မှာ ရှိပြီး UEFA ရဲ့ အဆင့်သတ်မှတ်ချက် အရလည်း စပိန် လာလီဂါ၊ အင်္ဂလန် ပရီးမီးယားလိဂ်၊ ဂျာမန် ဘွန်ဒက်လီဂါ၊ အီတလီ စီးရီးအေတွေ ပြီးရင် အကြီးဆုံး အမှတ်ပေး ပြိုင်ပွဲ ဖြစ်ပါတယ်။ Ligue 1 ကို Conforama က စပွန်ဆာ ပေးထားတာကြောင့် Ligue 1 Conforama လို့လည်း ခေါ်ပါတယ်။ အသင်းပေါင်း ၂၀ ပါဝင် ယှဉ်ပြိုင်ပြီး တန်းဆင်း၊ တန်းတက် ပုံစံနဲ့ သွားပါတယ်။ Ligue 1 ကနေ တန်းဆင်းရင်တော့ Ligue 2 ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၁၉၃၂ ခုနှစ် ကတည်းက စတင်ခဲ့တာ ဖြစ်ပေမယ့် ၂၀၀၂ ကျမှသာ Ligue 1 အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာပါ။ ပြင်သစ် တနိုင်ငံလုံးက အသင်းပေါင်း ၁၉ သင်းနဲ့ မိုနာကို အခြေစိုက် ကလပ် အသင်းတွေထဲက တသင်း စုစုပေါင်း အသင်း ၂၀ ကစားခွင့် ရတာ ဖြစ်ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် Coupe de la Ligue ဖလားကို ရရှိမှာပါ။ ပြည်တွင်း တခြား ရှုံးထွက် ဖလားတွေ ဖြစ်တဲ့ Coupe de France ပြိုင်ပွဲတွေ၊ Trophee des champions ဖလား ပြိုင်ပွဲ တွေကိုလည်း Ligue 1 က အသင်းတွေ ဝင်ရောက် ကစားခွင့် ရပါတယ်။ အမှတ်ပေး ဖလားပြိုင်ပွဲမှာ ဖလားရသူတွေ၊ ထိပ်ဆုံး အဆင့်မှာ ရပ်တည်နိုင်သူတွေကတော့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်လို ပြိုင်ပွဲတွေကို တိုက်ရိုက်ဖြစ်စေ၊ ခြေစစ်ပွဲကနေ ဖြစ်စေ ဝင်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ခုနှစ် ဘောလုံး ရာသီ လက်ရှိ Ligue 1 ရဲ့ အမှတ်ပေးဖလားကို မိုနာကို အသင်းက ၈ ကြိမ်မြောက် ရယူထားပြီး PSG အသင်းရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားထားနိုင်တာ တွေ့ရပါတယ်။ Ligue 1 ဖလားကို အများဆုံး ရယူထားနိုင်တဲ့ အသင်း ကတော့ စိန့်အက်တီယန် ဖြစ်ပြီး ၁၀ ကြိမ်ထိ ရယူထားနိုင်ခဲ့ပါတယ်။ အရင်နှစ် Ligue 1 ဟာ ဆိုရင် ပြင်သစ် အမှတ်ပေး ဖလားပြိုင်ပွဲရဲ့ ၇၉ ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက် ကနေ ၂၀၁၇ ခုနှစ် မေလ ၂၀ ရက်ထိအောင် ကစားခဲ့တာပါ။ မိုနာကိုက ချန်ပီယံ ဖြစ်လာပြီး လောရီးယန့်၊ နန်စီ၊ ဘက်စတီ ယာတွေ တန်းဆင်းသွားရတယ်၊ မိုနာကို၊ PSG တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရတယ်။ လိုင်ယွန်၊ မာဆေး၊ ဘော်ဒိုးတွေ ယူရိုပါလိဂ် ဝင်ခွင့်ရထားတယ်၊ ပွဲပေါင်း ၃၈၀ ကစားခဲ့ပြီး တပွဲ ပျမ်းမျှ ၂ ဒသမ ၆၁ ဂိုး ထိ သွင်းယူခဲ့ပါတယ်၊ တရာသီလုံး ၉၉၁ ဂိုး သွင်းခဲ့ကြပြီး ကာဗာနီက ၃၅ ဂိုးနဲ့ ဂိုးသွင်း ဘုရင် ဖြစ်ခဲ့တယ်၊ တပွဲပျမ်းမျှ ပရိသတ် ၂၁၀၀၉ ဦး ကြည့်ခဲ့ပြီး တရာသီလုံး ပရိသတ် ၇ ဒသမ ၈ သန်းလောက် ရှိခဲ့ပါတယ်။ ၂၀၁၇-၁၈ ခုနှစ်၊ ဘောလုံး ရာသီကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ ကတည်းက စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၂၀ရက် နေ့ ထိ ကစားမှာ ဖြစ်ပါတယ်။ Ligue 2 ကနေ စထရက်ဘာ့ဂ်၊ အေမီယန်၊ ထရိုယက် အသင်းတွေ တန်းတက် ခဲ့တာ တွေ့ရ ပါတယ်။ စိန့်အက်တီယန်၊ လိုင်လီ၊ မောင့်ပယ်လီယာနဲ့ နန့်တက်စ် အသင်းတွေက နည်းပြတွေ အသစ်ပြောင်း ခန့်ထားပြီး ကျန်အသင်း တွေက လက်ရှိ နည်းပြတွေနဲ့ပဲ ဆက်လက် ကစားနေတာ တွေ့ရပါတယ်။ ဒီနှစ်မှာတော့ PSG အသင်းက အကောင်းဆုံး အားဖြည့်မှု အဖြစ် ဘာစီလိုနာက ဘရာဇီး တိုက်စစ်မှူး နေမာကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာက PSG ကိုရော Ligue 1 ကိုပါ ပိုပြီး လှုပ်ရှားစေမှာ ဖြစ်ပြီး ဘောလုံးဝါသနာ အိုးများ အကြိုက် တွေ့စေမှာ ဖြစ်ပါတယ်။ Ref: http://ift.tt/1nTw5C9 The post စိတ်လှုပ်ရှားစရာတွေ တွေ့ကြုံရမယ့် ပြင်သစ် Ligue 1 ဘောလုံးပြိုင်ပွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2w9nf2f
via IFTTT

No comments:

Post a Comment