Wednesday, October 18, 2017


လွှတ်တော် ဆဋ္ဌမ အစည်းအဝေးများတွင် ဥပဒေကြမ်း ၁၇ ခု ဆွေးနွေး အတည်ပြုမည် ဒုတိယအကြိမ် လွှတ်တော် ဆဋ္ဌမ အကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ဥပဒေကြမ်း ၁၇ ခုအား ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ယမန်နေ့က ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က စတင်သည့် ဒုတိယအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေး အတည်ပြုရန် ဥပဒေကြမ်း ၁၇ ခု၊ အသင့်ဖြစ်ပြီး အဆို ၉ ခုနှင့် ကြယ်ပွင့်ပြမေးခွန်း ၁၂၉ ခုရှိကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းများသည် အမှန်တကယ်လိုအပ်နေသည့် ဥပဒေများဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းက ကျန်ရှိနေသည့် ဥပဒေများဖြစ်ရာ ပြန်လည် အသက်သွင်း၍ အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေမူကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ရှင်းပြသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဉာဏ်လင်းကလည်း “ အရင် လွှတ်တော်က ကျန်ခဲ့တဲ့ ဥပဒေကြမ်း အကြွေးက ၁၇ ခုလောက်ရှိတယ်။ အဲဒါတွေကို ပထမ ဦးစားပေး အနေနဲ့ အခု လွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယခု လွှတ်တော်ကာလ အတွင်း ဆွေးနွေးမည့် ဥပဒေမူကြမ်းများမှာ တီထွင်ခွင့် ဥပဒေမူကြမ်း၊ စက်မှု ဒီဇိုင်း မူပိုင်ခွင့် ဥပဒေမူကြမ်း၊ ကုန် အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေမူကြမ်းနှင့် လွှတ်တော် အဖွဲ့ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် အစီရင်ခံစာ ဖတ်ကြားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် မူကြမ်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေကြမ်းများကိုလည်း ဆွေးနွေးကာ ယခုလအတွင်း အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်၏ ဘဏ္ဍာရေး မူဝါဒဆိုင်ရာ ကိစ္စရပ်ဖြစ်သည့် ဘဏ္ဍာရေးနှစ် ပြောင်းလဲ ပြင်ဆင် သတ်မှတ်သည့် ကိစ္စများနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု အစိုးရ အပ်ငွေ စာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ချေးငွေ ရယူရန် ကိစ္စ အပါအဝင် လွှတ်တော်၏အဆုံးအဖြတ် ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းကလည်း ပြောကြားထားသည် The post လွှတ်တော် ဆဋ္ဌမ အစည်းအဝေးများတွင် ဥပဒေကြမ်း ၁၇ ခု ဆွေးနွေး အတည်ပြုမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ghdZQH
via IFTTT

No comments:

Post a Comment