ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ တေးသံရှင် မာရဇ္ဇ၏မွေးနေ့အမှတ်တရ တကိုယ်တော်ဖျော်ဖြေပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ၂၀. ၁၀.၂၀၁၇ ရက် နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်ကို ၁ သောင်းကျပ်သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ Frolick ရေခဲမုန့်ဆိုင်များ (junction Square၊ Taw Win Center )၊ ဖုန်း ၀၉-၇၈၂၀၉ ၇၄၃၆၊ ၀၉-၄၅၁၀၁၀၇၈၉ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၂။ မြို့တော်သန့်ရှင်းလှပဖို့ အားလုံးပူးပေါင်းပါဝင်စို့ ( Clean Our City Together) လှုပ်ရှားမှုကို ကြည့်မြင်တိုင်မြို့နယ်၊ ကြည်မြင့်တိုင်လမ်းတွင် ၂၂.၁၀.၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များလျော့နည်းသွားစေရန် အနုပညာရှင်များ၊ ပရဟိတအဖွဲ့များနှင့်မြို့တော်သန့်ရှင်းလှပစေလိုသူပြည်သူများက ပညာပေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ၃။ ဆင်မကြီးမိုမို၏ ၆၄ နှစ်ပြည့်မွေးနေ့ပွဲကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် ၂၁.၁၀.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ် သည်။ အဆိုပါမွေးနေ့ပွဲတွင် မျက်လှည့်ပွဲများ၊ တိရစ္ဆာန်လေးများ၏ဖျော်ဖြေမှု ပြကွက်များ၊ နာမည်ကျော် တေးသံရှင်များ ၏ဖျော်ဖြေမှုများ ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။ ၄။ ဓာတ်ပုံဆရာမ ယုယုမြင့်သန်း၏ “လွမ်းမောတမ်းတဖွယ် အိမ်ပြန်လမ်း”ဓာတ်ပုံမှတ်တမ်းပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ Myanmar Deitta အနုပညာပြခန်းတွင် ၁၉.၁၀.၂၀၁၇ မှ ၄.၁၁.၂၀၁၇ ရက်အထိ ပြသသွားမည်ဖြစ်သည်။ အဆို ပါပြပွဲတွင် ရန်ကုန်မြို့၊ နာမည်ကြီးအပ်ချုပ်ဆိုင်တခုတွင် နှိပ်စက်ခံခဲ့ရပြီး အမှုမပြီးပြတ်သေးသဖြင့် အိမ်မပြန်နိုင်သေးသော မစန်းကေခိုင်၏ငယ်ဘဝ အမှတ်တရဓာတ်ပုံမှတ်တမ်းများကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ ၅။ ကွယ်လွန်သူ ပန်းချီဇော်လူမင်း၏ ZAW LU MIN MEMORIAL SHOW ပန်းချီပြပွဲကို အောင်ဆန်းကွင်း (မြောက် ခြမ်း)ရှိ OK Art Gallery တွင် ၂၁.၁၀.၂၀၁၇ မှ ၂၅.၁၀.၂၀၁၇ ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီဇော် လူမင်း မကွယ်လွန်ခင် ရေးဆွဲခဲ့သော ပန်းချီကားများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ၆။ အီတလီရုပ်ရှင်ပွဲတော်အထိမ်းအမှတ်အဖြစ် Nuovo Cinema Paradiso ရုပ်ရှင်ကားကို Junction City တွင် ၁၉. ၁၀. ၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြသသွားမည်ဖြစ်သည်။ ဇာတ်ကားမှာ မိမိဇာတိမြေမှထွက်၍ လောကကြီးအကြောင်းကို စူး စမ်းလေ့လာလိုသည့် လူငယ်လေးတယောက်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်းသိရသည်။ ၇။ မြန်မာနိုင်ငံ၏ပထမဆုံး သီတင်းကျွတ် အထူးပရိဘောဂပြပွဲကြီးကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁၈. ၁၀.၂၀၁၇ မှ ၂၂.၁၀.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် နာမည်ကြီး ပရိဘောဂကုမ္ပဏီများမှ ပါဝင်ပြသသွားမည် ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ၈။ အမျိုးသမီးပန်းချီဆရာ ၂၁ ဦးပါဝင်မည့် Voices of 21 Women for Peace ပန်းချီပြပွဲကို ၂၁.၁၀.၂၀၁၇ မှ ၂၃.၁၀. ၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြန်မာအမျိုးသမီးများကိုယ်စားပြုမှုနှင့် အ သံပါဝင်မှု မြှင့်တက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ၉။ ပန်းချီဆရာ ၁၄ ဦးပါဝင်မည့် တောင်ဒဂုံမြို့နယ်ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) တွင် ၁၈.၁၀.၂၀၁၇ မှ ၂၂.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မြန်မာယဉ်ကျေးမှုအခြေပြုမီဒီယံစုံ ပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၁၀။ ပန်းချီဆရာကြီးဦးအမ်တင်အေး ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့် အထိမ်းအမှတ်ပန်းချီပြပွဲကို နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင်ပန်းချီပြခန်းတွင် ၁၄.၁၀.၂၀၁၇ မှ ၂၀.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီဆရာ ကြီး ဦးအမ်တင်အေး၏ပန်းချီကားများ၊ မျက်နှာဖုံးဒီဇိုင်းများ၊ ဓာတ်ပုံမှတ်တမ်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2ys8vuF
via IFTTT
No comments:
Post a Comment