HEINEKEN Myanmar က မိတ်ဆက်လိုက်တဲ့ “Tiger Crystal” ဘီယာအသစ် ဘီယာ ကြိုက်နှစ်သက်သူတွေ အတွက် HEINEKEN Myanmar ကနေ “Tiger Crystal” လို့ အမည်ရတဲ့ ဘီယာသစ် တမျိုးကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက် ဖြန့်ချိလိုက်ပါတယ်။ အသစ် မိတ်ဆက်လိုက်တဲ့ “Tiger Crystal” ဘီယာဟာ မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး ဘီယာ တံဆိပ် တခုဖြစ်တဲ့ Tiger Beer ရဲ့ တိုးချဲ့တီထွင်မှု တခုဖြစ်ပြီး Tiger Crystal ဟာ အယ်လ်ကိုဟော ၄ ဒသမ ၅ ရာခိုင်နှုန်း ပါရှိတဲ့ လာဂါဘီယာ အမျိုးအစား ဖြစ်ပါတယ်။ Tiger Crystal ဘီယာကို ထူးခြားတဲ့ ဗျစ်ပွင့်တမျိုး အသုံးပြုပြီး ချက်လုပ်ထားတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဘီယာရဲ့ အနံ့နဲ့ အရသာကို ထူးခြားကောင်းမွန်စေရန် အတွက်လည်း အပူချိန် အနုတ် ၁ ဒီဂရီ Celsius မှာ အရည်စစ် ထုတ်လုပ် ထားပြီး အရသာက ပေါ့ပါးပြီး အယ်လ်ကိုဟော ပါဝင်မှုနှုန်း နည်းတာတွေ့ရပါတယ်။ “အရသာ အသစ်အဆန်းတွေကို မြည်းစမ်းချင်နေတဲ့ ဘီယာသောက်သုံးသူတွေ အတွက် HEINEKEN Myanmar က အသစ် အသစ်တွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ Tiger Crystal ဟာ Tiger Beer က တိုးချဲ့ တီထွင်လိုက်တဲ့ အမှတ်တံဆိပ် အသစ်ပဲ ဖြစ်ပါတယ်။ ဒီဘီယာကို သောက်သုံးသူတွေ ကြိုက်နှစ်သက်ကြမယ် လို့ မျှော်လင့်ပါတယ်” လို့ HEINEKEN Myanmar ရဲ့ အရောင်းမြှင့်တင်ရေး ဒါရိုက်တာ Ms. Leen De Schutter က ပြောပါတယ်။ ဘီယာရဲ့ ကောင်းကျိုးတွေကတော့ ကျောက်ကပ်မှာ ကျောက်တည်မှုကို ၄၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမှု (Heart Attack)၊ လေဖြတ်မှု အန္တရာယ်၊ ဆီးချို ရောဂါ၊ Alzheimer လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှု ရောဂါ၊ အိပ်မပျော်တဲ့ ရောဂါ စတဲ့ ရောဂါတွေ ဖြစ်ပွားမှုကို လျော့ကျစေတဲ့ အပြင်း ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေ ကိုလည်း လျှော့ချပေးပါတယ်။ “Tiger Crystal” ဘီယာအသစ်သက်ထွန်းနိုင်/ဧရာဝတီ ဘီယာမှာ ဗီတာမင် B, B1, B2, B6, B12 စတဲ့ ဓာတ်တွေ အပြည့်အဝ ပါဝင်ပြီး ဘီယာ သောက်သုံး သူတွေဟာ မသောက်သုံးသူတွေထက် ဗီတာမင် ဘီ ၃၀ ရာခိုင်နှုန်းထိ ပိုများတယ်လို့ သိရပါတယ်။ ဒါအပြင် ဘီယာမှာ အရိုးများကို သန်မာစေတဲ့ Silicon ပါဝင်မှု မြင့်မားပြီး အရိုးအားနည်းမှုများ၊ အရိုးအက်မှုများ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဘီယာက အသားအရည်နဲ့ ဆံပင်ကိုလည်း ကောင်းကျိုးပြုပါတယ်။ ဘီယာနဲ့ ရေချိုးမယ် ဆိုရင် အရေပြားမှာ ဖြစ်နေတဲ့ ထိခိုက်ဒဏ်ရာတွေ၊ အဖုအပိန့်တွေကို သက်သာစေပြီး ခန္ဓာကိုယ်မှ အသားအရည် အတွက် လိုအပ်တဲ့ အာဟာရတွေ လည်း ဖြည့်ဆည်း ပေးနိုင်တယ် လို့ သိရပါတယ်။ ဘီယာနဲ့ ခေါင်းလျှော်မယ် ဆိုရင်လည်း ဆံပင်ကို ကျန်းမာသန်စွမ်း စေပါတယ်။ သို့ပေမယ့် ကောင်းကျိုးတွေလည်း ရှိသလို အများကြီး အလွန်အကျွံ သောက်သုံးမယ် ဆိုရင် ဆိုးကျိုးတွေလည်း ရှိနိုင်တာကြောင့် “တန်ဆေးလွန်ဘေး” ဆိုသလို ကျန်းမာရေးအရ ချင့်ချိန်ပြီးမှ သောက်သုံးဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ HEINEKEN Myanmar မှ မိတ်ဆက်လိုက်တဲ့ “Tiger Crystal” ဘီယာအသစ်ကို ၃၃၀ မီလီလီတာ ပုလင်းငယ်၊ ၃၃၀ မီလီလီတာ သံဗူး စတဲ့ ပုံစံ ၂ မျိုးနဲ့ ထုတ်လုပ်ထားပြီး အဆိုပါ Tiger Crystal ဘီယာကို မြန်မာနိုင်ငံနေရာ အနှံ့ စူပါမားကတ်များ၊ ဘားများနဲ့ စားသောက်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ ။ ဆက်စပ်သတင်းလင့်ခ် – ဘီယာကန်မှာ ဘီယာကူးရင်း ဘီယာသောက်မယ် The post HEINEKEN Myanmar က မိတ်ဆက်လိုက်တဲ့ “Tiger Crystal” ဘီယာအသစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2ylWt8h
via IFTTT
No comments:
Post a Comment