Shape of You သီချင်းပိုင်ရှင် အက်ရှီရန် ယာဉ်မတော်တဆမှုဖြစ် ကမ္ဘာကျော်တေးသီချင်းတပုဒ်လည်းဖြစ်ကာ မြန်မာပရိသတ်တွေအကြားမှာလည်း အလွန်ရေပန်းစားနေတဲ့ Shape of You ဆိုတဲ့ တေးသီချင်းပိုင်ရှင် အင်္ဂလန် ပေါ့ပ်အဆိုတော် အက်ရှီရန်တယောက် ယာဉ်မတော်တဆဖြစ်တဲ့အတွက် လန်ဒန်မြို့ရှိ ဆေးရုံတရုံမှာ တက်ရောက်ကုသနေရပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုမှာ သူ့ရဲ့ လက်မောင်းရိုး ကျိုးသွားတယ်လို့ သိရပါတယ်။ သူ့ရဲ့အင်စတာဂရမ်မှာတော့ သူ့ပရိသတ်တွေကို အိုကေပါတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ အသက် ၂၆ နှစ်အရွယ် အက်ရှီရန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကျွန်တော် စက်ဘီး အတိုက်ခံရလို့ပါ။ လောလောဆယ်တော့ ဘာ ဆက်လုပ်ရမယ်ဆိုတာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ်။ ကျေးဇူးပြုပြီး ကျနော်ရဲ့ နောက်ဆက်တွဲသတင်းကို စောင့်နားထောင်ပေးကြပါ” လို့ ရေးသားထားပါတယ်။ အဆိုပါ စာသားနဲ့အတူ ညာဘက်လက် ပတ်တီးစည်းထားတဲ့ပုံကိုပါ အွန်လိုင်းပေါ် တွဲတင်ထားပါတယ်။ ညာဘက်လက်ဟာ သူ့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ သူက ညာလက်နဲ့ပဲ ဂစ်တာတီးနေကျမို့ပါ။ အခုတော့ သူူ့ရဲ့ ညာဘက်လက်ကို ကျောက်ပတ်တီးစည်းထားရပါပြီ။ သူ့သူငယ်ချင်း ဒီဂျေ စမောဇေးကလည်း “အက်ရှီရန်က သူ့စက်ဘီးကို ကားဝင်တိုက်တယ်လို့ ပြောပါတယ်” လို့ တွစ်တာမှာ အတည်ပြုရေးသားထားတယ်လို့ သတင်းက ဆိုပါတယ်။ ရှီရန်ဟာ အာရှဒေသဘက်ကို ယခု သီတင်းပတ်အတွင်းမှာ ဖျော်ဖြေရေးလာဖို့ရှိပေမယ့် အခုလို လက်ကျိုးသွားတဲ့အတွက် သူ့ဖျော်ဖြေပွဲ ရွှေ့ဆိုင်းထားလိုက်ရတယ်လို့ သိရပါတယ်။ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့က ပရိသတ်တွေကတော့ သူ့ကို မျှော်လင့်တကြီးစောင့်စားနေကြတာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့တွင် ဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ Ref : dailymail.com The post Shape of You သီချင်းပိုင်ရှင် အက်ရှီရန် ယာဉ်မတော်တဆမှုဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2ynabIp
via IFTTT
No comments:
Post a Comment