Monday, October 16, 2017


ဒုတိယသင်္ကြန်အဖြစ် ဖန်တီးပေးမယ့် Waterzonic EDM ပွဲ ရန်ကုန်တွင် ပြုလုပ်မည် Brave Entertainment က စီစဉ်ကျင်းပမယ့် Waterzonic EDM ပွဲကြီးကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊သုဝဏ္ဏမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ The One Entertainment Park တွင် ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိတဲ့ အဆိုပါပွဲကြီးကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပဖြစ်ပုံနဲ့ ပတ်သက်ပြီး Brave Entertainment မှ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုစိုးလှိုင်က “မြန်မာလူမျိုးတွေက အတာသင်္ကြန်ကို နှစ်သက်ကြပါတယ်။ ဘန်ကောက်မှာရှိတဲ့ Waterzonic က နံပါတ်တစ်ဖြစ်ပါတယ်။ ရေပါဝင်တဲ့အတွက် ဒီ ပွဲကြီးကို နှစ်သက်တဲ့အတွက် မြန်မာနိုင်ငံကို သယ်ဆောင်လာတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ Waterzonic EDM ဆိုတာကတော့ တခြား EDM ရှိုးပွဲများနဲ့ မတူဘဲ ရေပန်းရေမှုန်များကြားမှာ EDM ဂီတမြူးဇစ်ကို ခံစားနားဆင်ရတဲ့ ဖျော်ဖြေပွဲတခုပဲဖြစ်ပါတယ်။ အဆိုပါ Waterzonic ပွဲကို Road To Waterzonic ဆိုပြီး ပြီးခဲ့တဲ့ သင်္ကြန်အချိန်က မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမတွင် ကျင်းပခဲ့ရာ အဆိုပါပွဲရဲ့ ရေပက်ဖျန်းခြင်းပုံစံများကို အားမရဖြစ်ခဲ့ရပြီး ယခုကျင်းပမယ့်ပွဲမှာတော့ ရေပက်ဖျန်းမှုပုံစံများကို ထိုင်းမှပညာရှင်များနဲ့ မြန်မာနိုင်ငံမှ ပညာရှင်များက ပူးပေါင်းကာ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “သင်္ကြန်တုန်းကတော့ Road To Waterzonic ဆိုပြီးတော့ ပွဲအသေးလေးလုပ်ခဲ့ပါတယ်။ ရေပက်ဖျန်းတာလည်း အားမရခဲ့ပါဘူး။ အခုလုပ်မယ့်ပွဲကတော့ Waterzonic ရဲ့တကယ့်ပွဲကြီးဖြစ်တဲ့အတွက် ရေဖျန်းတာကိုလည်း ထိုင်းကပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေပေါင်းပြီးတော့ အကောင်းဆုံးပက်ဖျန်းသွားမှာပါ” လို့ ကိုစိုးလှိုင်က ဆိုပါတယ်။ အဆိုပါပွဲတွင် ပြည်တွင်းမှ DJ ၈ ဦးနဲ့ ပြည်ပမှ DJ ၄ ဦးတို့ ပါဝင်သွားမှာဖြစ်ပြီး ပွဲချိန်ကတော့ ညနေ ၃ နာရီမှ ည ၁၂ နာရီအထိ ဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်များကိုတော့ Early Ticket အနေနဲ့ ပုံမှန် ၄ သောင်းတန် လက်မှတ်များကို ၂ သောင်းခွဲဖြင့် ရောင်းချပေးမှာဖြစ်ပြီး VIP လက်မှတ်များကို တသိန်းခွဲဖြင့်ရောင်းချပေးမှာဖြစ်ကာ VVIP လက်မှတ်များကိုတော့ ၁၆ သိန်းနဲ့ သိန်း ၃ဝ ဆိုပြီး နှစ်မျိုးခွဲထားတယ်လို့ သိရပါတယ်။ The post ဒုတိယသင်္ကြန်အဖြစ် ဖန်တီးပေးမယ့် Waterzonic EDM ပွဲ ရန်ကုန်တွင် ပြုလုပ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2zbGGWC
via IFTTT

No comments:

Post a Comment