တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့(KIA)တို့ ဒီဇင်ဘာ ၁၄ ရက် တစ်နေ့တည်းတွင်ပင် ကချင်ပြည်နယ်၌ တိုက်ပွဲရှစ်နေ ရာခန့်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ များနှင့်ပတ်သက်၍ ညှိနှိုင်းဆောင် ရွက်ရန် ဆက်သွယ်ရေး ယန္တရား မရှိဖြစ်နေကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။ KIA ဌာနချုပ် လိုင်ဇာအနီး တစ်ဝိုက် အပါအဝင် ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ မန်စီစသည့် မြို့နယ်များ၌ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း PCG နှင့် KIA ပြောရေးဆိုခွင့်ရှိသူတို့က အတည်ပြု သည်။ ‘‘ထူးခြားမှု အနေအထား လားတော့ မပြောတတ်ဘူး။ ဒီနေ့ တစ်ရက်တည်းမှာပဲ ရှစ်နေရာ လောက် ဖြစ်တယ်ဆိုတာ၊ ဘယ် လိုကြောင့်ဖြစ်လဲဆိုတာ မပြော တတ်တော့ဘူး။ ညှိနှိုင်းဖို့ ယန္တရား ကလည်း ဘာမှ မရှိဘူးဖြစ်နေ တယ်။ ကျွန်တော်တို့လည်း နှစ် ဖက်ကို လိုအပ်လာရင် ပြောဖို့အ တွက် အခွင့်မသာဘူး ဖြစ်နေ တယ်။ ဖြစ်နေတဲ့ဟာက အောက် ခြေမှာ ဘာကြောင့်၊ ဘယ်လိုဖြစ် တယ်ဆိုတာ အသေးစိတ်မသိရ တော့ သွားပြောဖို့လည်း ခက်ခဲနေ တယ်’’ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။ KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူထံ ဆက် သွယ်ရာ အောက်ခြေစစ်သတင်း များအရ လတ်တလောတွင် နေ ရာသုံးခု၌ တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ ‘‘ဒီနေ့က KIA တပ်မဟာ (၂) တပ်ရင်း (၁၄)ဘက်မှာလည်း တိုက်ပွဲဖြစ်ပါတယ်။ ဒီမနက် ၂ နာရီကနေ စပစ်တာပေါ့။ ဌာနချုပ်အနီးတစ်ဝိုက်မှာ တပ်မတော် ဘက်က စခန်းထိုင်ထားတဲ့ စခန်း ကနေ ကျွန်တော်ထင်တာ သုံး လေး မိုင်လောက်တော့ ရှိမယ်ထင် တယ်။ တရုတ်ပြည်ဘက်က နယ် ခြားပတ်လမ်းတစ်ဝိုက်မှာ ရှိတဲ့ ကျွန်တော်တို့ KIA တပ်စခန်းပေါ့။ အဲဒီနေရာမှာလည်း တပ်မတော် ဘက်က ထိုးစစ်ဆင်လာလို့ ခုခံတိုက်ပွဲတွေ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေတော့ ဘာမှ မရသေးပါဘူး’’ဟု KIA ပြောရေးဆို ခွင့်ရှိသူက ဆိုသည်။ တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ အခြေ စိုက်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်သို့ ဒီဇင်ဘာ ၁၄ ရက် ည က ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးက ၎င်းအနေဖြင့် ဖြေဆို၍ မရဟု ပြောကြားသည်။ ယခင်အစိုးရလက်ထက်က တပ်မတော်ကိုယ်စားလှယ်များအ ပါအဝင် KIO/KIA နှစ်ဖက်ကိုယ် စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်း ထား၍ တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပါက ညှိနှိုင်းဖြေရှင်းမှုများပြု လုပ်နိုင်ခဲ့သည်။ PCG အနေဖြင့် လည်း ကြားခံအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့အစည်းအဝေးများကို ယခင် အစိုးရလက်ထက်က မကြာခဏ ပြုလုပ်ခဲ့သော်လည်း လက်ရှိအစိုး ရလက်ထက်တွင် ပြုလုပ်နိုင်ခြင်း မရှိပေ။
Source : http://ift.tt/2kvJDLN
via IFTTT
No comments:
Post a Comment