Saturday, December 16, 2017


အမေရိကန်နှင့် EU ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် စိန်ခေါ် ကမ္ဘောဒီးယား အစိုးရက အတိုက်အခံများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများကို ဖြိုခွဲမှုကြောင့် ဝေဖန် နေကြသည့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ အနေဖြင့် အစိုးရခေါင်းဆောင်များ၏ ပြည်ပပိုင်ဆိုင်မှု များကို သိမ်းယူလိုက သိမ်းယူနိုင်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က မနေ့က စိန်ခေါ်ပြောကြားလိုက် သည်။ နှစ်ပေါင်း ၃၀ကျော် တိုင်းပြည်ကို အုပ်ချုပ်နေသည့် ဝန်ကြီးချုပ် ဟွန်ဆန်က လာမည့် ၂၀၁၈ ရွေး ကောက်ပွဲ မတိုင်မီတွင် အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းကာ ပြင်းထန်သော အနောက်တိုင်း ဆန့်ကျင်ရေး လမ်းကြောင်းကို ရွေးချယ်လိုက်သောကြောင့် အလှူရှင်နိုင်ငံများ၏ ဝေဖန်မှုများ မြင့် တက်လာရာ ယင်းဝေဖန်မှုများကို ဟွန်ဆန်က ပယ်ချခဲ့သည်။ ထို့အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က လာမည်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ငွေကြေး ထောက်ပံခြင်းကို ဆိုင်းငံထားသလို၊ ကမ္ဘေဒီးယား ခေါင်းဆောင်များကိုလည်း အမေရိကန်သို့ ပြည်ဝင်ခွင့် ထိန်းချုပ်ထားသည်။ လတ်တလောတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂ နှစ်ဘက်လုံးက ပိုင်ဆိုင်မှုထိန်းချုပ်ရန် အဆိုပြုခြင်း မရှိသော်လည်း အချို့သော လွှတ်တော် အမတ်များက ထိုသို့သော စိတ်ကူးမျိုးကိုပြောဆိုနေကြခြင်း အပေါ် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ထိုသို့ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ “ကမ္ဘောဒီးယား ခေါင်းဆောင်တွေရဲ့ပြည်ပက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ဖို့ ကျနော်က အမေရိကန်နဲ့ ဥရောပသမဂ္ဂကို တိုက်တွန်းအားပေးတယ်” ဟုဟွန်ဆန်က မြို့တော် ဖနွမ်းပင်တွင် ကျင်းပသည့် အားကစားအဖွဲ့တခု မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြောဆိုချက်နှင့် ပတ်သက်၍ ဖနွမ်းပင်အခြေစိုက် အမေရိကန်သံရုံးက တစုံတရာ ဝေဖန်ပြောကြား ခြင်းမရှိသော်လည်း ဥရောပသမဂ္ဂသံအမတ် ဂျော့အဂ္ဂါကမူ ၎င်းတို့အနေဖြင့် ထပ်မံ အရေးယူရန် ဆုံးဖြတ်ချက်မချရသေးဟုပြောသည်။ အတိုက်အခံပါတီဖြစ်သည့် ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေး ပါတီ(CNRP)ကို အာဏာသိမ်း ရန် ကြံစည်နေသည်ဟု စွပ်စွဲပြီး ဖျက်သိမ်းပေးရန် ဟွန်ဆန် အစိုးရကတောင်းဆိုသောကြောင့် လွန်ခဲ့သော လတွင် တရားရုံးချူပ်က ဖျက်သိမ်းပေးခဲ့သည်။ အဆိုပါ CNRP ခေါင်းဆောင် ကမ်ဆိုခါသည် အမေရိကန်ကျောထောက်နောက်ခံပြု အစိုးရ ဆန့်ကျင် ရေး အာဏာသိမ်းမှု လုပ်ရန်ကြံစည်နေသည်ဟု ဟွန်ဆန်က စွပ်စွဲသော်လည်း ထိုအတိုက်အခံ ခေါင်းဆောင်နှင့် အမေရိကန်တို့ကမူ စွပ်စွဲချက်ကို ငြင်းဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံအတွက် အများဆုံးလှူဒါန်းနေသော တရုတ်နိုင်ငံကမူ ၎င်းတို့အနေဖြင့် ကမ္ဘောဒီး ယား နိုင်ငံ၏ အမျိုးသားလုံခြုံရေးကာကွယ်ပိုင်ခွင့်ကို လေးစားသည်ဟုပြောပြီး ဝန်ကြီးချုပ် ဟွန်ဆန်ကို ထောက်ခံသည်။ The post အမေရိကန်နှင့် EU ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် စိန်ခေါ် appeared first on ဧရာဝတီ.
Source : http://ift.tt/2BfiwNd
via IFTTT

No comments:

Post a Comment