Tuesday, December 19, 2017


MFF Futsal Open Cup 2018 ပြိုင်ပွဲကို မတ်လ ၁ ရက်တွင် ကျင်းပမည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MFF Futsal Open Cup 2018 ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ကျင်းပ မည် ဖြစ်ကြောင်း MFF ထံက သိရသည်။ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ စာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသွင်း သည့် အသင်းအရေ အတွက်ပေါ် မူတည်၍ ပြိုင်ပွဲကျင်းပမည့် ပုံစံကို ထပ်မံဖော်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။ MFF Futsal Open Cup 2018 ပြိုင်ပွဲသို့ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အသင်းများ ပါဝင်ယှဉ်ပြိုင် လိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်အနေဖြင့် တည်းခိုရန် နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်သည်။ MFF Futsal Open Cup 2018 ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဦးကြည်မင်းသိန်း (အမှုဆောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဖုန်း - 0973008786 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။
Source : http://ift.tt/2BzdkDK
via IFTTT

No comments:

Post a Comment