Sunday, December 17, 2017


ဘဏ်အမျိုးအစား မတူသည့် MPU ကတ်များအကြား ငွေလွှဲပြောင်းနိုင်မည့်စနစ် လာမည့်နှစ် မတ်လစမည် ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ဘဏ်အမျိုးအစား မတူသည့် MPU (ATM) ကတ်များနှင့် ဘဏ်စာရင်းများအချင်းချင်း ငွေလွှဲပြောင်းနိုင်မည့် စနစ်ကို ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ သုံးစွဲနိုင်မည်ဖြစ်ကြောင်း Myanmar Payment Union အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။ ရန်ကုန်မြို့တွင်းဖြစ်စေ၊ နယ်ကိုဖြစ်စေ ငွေလွှဲမည်ဆိုပါက ဘဏ်ကို သွားရောက်၍ ငွေလွှဲရန်မလိုဘဲ MPU ကတ်များရှိရုံဖြင့် ATM (ငွေထုတ်စက်) တိုင်းတွင် ငွေလွှဲနိုင်မည်ဖြစ်ပြီး အချိန်မရွေး ငွေထုတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ကတ်အချင်းချင်း သော်လည်းကောင်း၊ ကတ်အကောင့်ကနေ Saving Account ကိုလည်းကောင်း ငွေလွှဲလို့ရမယ့်စနစ်ကို ဗဟိုဘဏ်နဲ့ပေါင်းပြီး ဆောင်ရွက်ထားတယ်။ အချိန်ကုန် သက်သာဖို့အတွက် ရည်ရွယ်ပြီး ဒီစနစ်ကို အကောင်အထည်ဖော်ထားတာ”ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ စတင်မည်ဖြစ်သော်လည်း ငွေလွှဲခနှင့်ပတ်သက်၍ အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်ပြီး ဘဏ်များတွင် ကောက်ခံနေသည့် ငွေလွှဲဝန်ဆောင်ခထက် ပိုမိုကောက်ခံမည် မဟုတ်ဘဲ ဝန်ဆောင်ခများကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း Myanmar Payment Union ထံမှ သိရသည်။ လက်ရှိတွင် ဘဏ်အမျိုးအစားတူသည့် MPU ကတ်အချင်းချင်းသာ ငွေလွှဲ၍ရသောကြောင့် ငွေပေးချေမှုအပိုင်းတွင် အခက်အခဲများ ရှိကြောင်း၊ အွန်လိုင်းရှော့ပင်းတွင် ငွေပေးချေသည့် အခါတွင်လည်း ကတ်အမျိုးအစား မတူပါက အဆင်မပြေကြောင်း ကတ်သုံးစွဲသူများက ပြောဆိုသည်။ “ကတ်ကနေ ငွေလွှဲလို့ရရင် ပိုကောင်းတယ်။ အရေးပေါ် ငွေလိုတဲ့အခါ ဘဏ်ကငွေလွှဲစောင့်နေရင် အဆင့်ဆင့် စောင့်နေရဦးမယ်။ အခုဆိုရင် စောင့်နေစရာမလိုဘူး။ Mobile Banking လုပ် ထားတဲ့ သူတွေဆိုရင်လည်း ဖုန်းထဲကနေ ငွေလွှဲလို့ရမယ်”ဟု AYA ကတ်သုံးစွဲသူ ဦးဇော်လင်းမောင်က ဆိုသည်။ MPU အဖွဲ့ကို ပြည်တွင်းဘဏ် ၂၃ ဘဏ်ဖြင့် ဖွဲ့စည်းထားပြီး ယင်းအနက်မှ ၁၇ ဘဏ်က MPU ကတ်များကို ၂၀၁၃ ခုနှစ်တည်းက စတင် ထုတ်ဝေခဲ့ကာ ယခုအချိန်တွင် ကတ်သုံးစွဲသူပေါင်း ၃ ဒသမ ၅ သန်းနီးပါး ရှိကြောင်း၊ လာမည့် ၂ နှစ်အတွင်း သုံးစွဲသူဦးရေ ၅ သန်းမှ ၇ သန်းကြားအထိ တိုးတက်လာနိုင်ကြောင်း MPU အဖွဲ့က ခန့်မှန်းထားသည်။
Source : http://ift.tt/2k5CT7X
via IFTTT

No comments:

Post a Comment