Friday, December 15, 2017


စစ်ဆင်ရေးအတွင်း မွတ်စလင် ၆၇၀၀ အနည်းဆုံးသေဆုံးကြောင်း MSF ပြော ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့ ARSA ၏ တိုက်ခိုက်မှုပြီး တပ်မတော်၏ ဖြိုခွင်းမှုအတွင်း အနည်းဆုံး မွတ်စလင် ၆၇၀၀ အသတ်ခံရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က မနေ့က ပြောလိုက်ပါတယ်။ အဆိုပါ MSF ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ အဆိုအရ သြဂုတ်လ ၂၅ရက်နေ့မှ စတင်ပြီး နေရာအနှံအပြား ရှင်းလင်း သည့် ညွှန်းကိန်းများအရ သေဆုံးသူ အရေအတွက်ကို ပထမဆုံး အဓိက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ သို့သော် အဆိုပါ စစ်တမ်း ကောက်ယူမှုမှာ ဘင်္ဂလားဒေ့ရှ် ကောဘဇားဒေသတွင် နေရာချထားသည့် ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းမှုကို အခြေခံထားခြင်းဖြစ်ပြီး သြဂုတ်လ ၂၅ရက်နေ့မှ စက်တင်ဘာ ၂၄ရက်နေ့အတွင်း အသက် ၅နှစ် အောက် ကလေး ၇၃၀ အပါအဝင် မွတ်စလင် ၆၇၀၀ သတ်ဖြတ်ခံရသည်ဟု MSF က ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ယင်းကိန်းဂဏန်း အချက်အလက်ကို ဖြစ်စဉ်၏ ကနဦး အကျဆုံး ခန့်မှန်းချက်ဟု MSF က ဆိုပါတယ်။ အဆိုပါ MSF မှ ဆေးညွှန်ကြားရေးမှူး ဆစ်ဒနီဝန်းက “အဲ့ဒီမှာ ကျမတို့ ဘာတွေဖော်ထုတ်ခဲ့သလဲ ဆိုတော့ လူတော်တေ်ာ များများပြန်ပြောပြကြတာက တိုက်ခိုက်ခံရလို့ မိသားစုဝင် တဦး သေဆုံး တာ၊ နောက် အလန့်တကြား ထွက်ပြေးလာတော့ အသတ်ခံရတာ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ဒဏ်ရာရတာ စတာတွေကို ကြားရပါတယ်” လို့ပြောပါတယ်။ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖြစ်စဉ်တော်တော်များများတွင် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ နေအိမ်မီးရှို့ခံရ၍ သေဆုံးသူများလည်း ရှိကြောင်းလည်းဆိုပါတယ်။ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဖြစ်စဉ်အတော်များများတွင် သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ အချို့မှာ နေအိမ်မီးရှို့ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ရှင်းလင်းပါတယ်။ တအိမ်သားလုံးကို အိမ်တံခါးပိတ်ပြီး မီးတင်ရှို့ခံသည့် မိသားစုများ၏ အစီရင်ခံချက်လည်း ကြားခဲ့ရကြောင်း MSF မှ ဆေးညွှန်ကြားရေးမှူး ဆစ်ဒနီဝန်းက ပြောပါတယ်။ မြန်မာနိုင်ငံဘက်ကမူ ၄၀၀ခန့်သာ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ကုလသမဂ ္ဂလူ့ အခွင့်အရေးဆိုင်ရာထိပ်တန်းတာဝန်ရှိသူတစ်ဦးက မြန်မာလုံခြုံရေးတပ်များအနေဖြင့် ဘင်္ဂ ါလီများကို လူမျိုးတုံးသတ်ဖြတ်သည့်ပြစ်မှု ရှိနိုင်ဖွယ်ရှိကြောင်း ယခင်သီတင်းပတ်က ပြောထားပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် ဘင်္ဂ ါလီများကို နေရပ်ပြန်လက်ခံနိုင်ရေး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားခဲ့ပြီးဖြစ်သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိမီ အလျင်စလိုပြန်လွှတ်ခြင်းမဖြစ်စေရန် အခွင့်အရေးအုပ်စုများက သတိပေးထားပါတယ်။ MSF တွေ့ရှိမှုများနှင့်ပတ်သက်ပြီး အသက်အိုးအိမ်ပျက်စီးခဲ့ရကြောင်းကြားသိရသဖြင့် တုန်လှုပ်မိကြောင်း Save the Children အဖွဲ့ကလည်း တုံ့ပြန်ပြောဆိုပါတယ်။ The post စစ်ဆင်ရေးအတွင်း မွတ်စလင် ၆၇၀၀ အနည်းဆုံးသေဆုံးကြောင်း MSF ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2zdnY3z
via IFTTT

No comments:

Post a Comment