Tuesday, January 2, 2018


လားဟူအမျိုးသမီးငယ် သတ်ဖြတ်ခံရသည့် အကြောင်းအရင်း ယနေ့အထိ မသိရသေး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် လားဟူအမျိုးသမီးငယ် မအေပီလကို သတ်ဖြတ်၍ မီးရှို့ပြီး အလောင်း ဖျောက်ရန် ကြိုးစားသူ ၂ ဦးအားဖမ်းမိထားသော်လည်း မည်သည့် အကြောင်းကြောင့် သတ်ရသည့် အဖြေကို စစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ကျိုင်းတုံမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်မြင့်ထွန်း က “ပုဒ်မ ၃၀၂ လူသတ်မှု နဲ့ ၂၀၁ သက်သေခံပစ္စည်း ဖျောက်ဖျက်မှု အရေးယူထားတယ်။ လောလောဆယ်တော့ ဒီ၂ မှုနဲ့ စွဲထားတာပါ။ လတ်တလောကတော့ စစ်ဆေးမေးမြန်းဆဲပါ။ ဘာအကြောင်းကြောင့် သတ်တယ်ဆိုတာလည်း အခုမှ စစ်ဆေးတုန်းပါ။ နောက်မှ ပြောလို့ရပါမယ်” ဟု ပြောသည်။ လူမှုကွန်ရက် စာမျက်နှာတွင် အဆိုပါ မိန်းမငယ်လေး အသတ်ခံရမှုကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းသာ ဖြစ်နိုင်ကြောင်း ကောလာဟလနှင့် ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း မအေပီလ မှာ မီးလောင်ကျွမ်း သေဆုံးထားသည့် ဒဏ်ရာများကြောင့် ၎င်းအား မသေဆုံးမီ အဓမ္မပြုကျင့်မှုများ ရှိ၊ မရှိကို စစ်ဆေး၍ မရတော့သလို တရားခံများကိုသာ မေးမြန်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ညပိုင်းက ကျိုင်းတုံ-လွိုင်မွေ ကားလမ်းမကြီးဘေးတွင် မီးရှိုှု့သတ်ဖြတ်ခံထားရသည့် အမျိုးသမီးအလောင်း ကို တွေ့ရှိခဲ့ပြီး အလောင်းတွင် ရှိနေသည့် လက်စွပ်ပုံစံမှာ ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ ထို လက်စွပ်ပုံစံကို တွေ့ရှိသူ မအေပီလ၏ ချစ်သူက ရဲစခန်းတွင် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပြစ်မှု ကျူးလွန်သူ အသက် ၄၀ နှစ်အရွယ် စိုးလွင် နှင့် အိုက်ပီး (ခ) စိုင်းရှဲန် တို့ကို ကျိုင်းတုံရဲစခန်းတွင် ပ/၂၃၂(၂၀၁၇) ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှု ၊ ၂၀၁ လူသတ်ပြီး အလောင်း ဖျောက်ဖျက်မှုများဖြင့်သာ တရားစွဲဆိုထားဆဲဖြစ်ကြောင်း၊ ထပ်မံ စစ်ဆေးပေါ်ပေါက်ချက်များနှင့် ဥပဒေ အကြံပြုချက်များ ထွက်ပေါ်လာမှသာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။ The post လားဟူအမျိုးသမီးငယ် သတ်ဖြတ်ခံရသည့် အကြောင်းအရင်း ယနေ့အထိ မသိရသေး appeared first on ဧရာဝတီ.
Source : http://ift.tt/2qbfUy3
via IFTTT

No comments:

Post a Comment