Friday, April 6, 2018

7Day News Journal

ထားဝယ်မြို့ပေါ်၌ တုတ်၊ ဓား၊ပုဆိန်အသုံးပြု၍ ရိုက် နက်ထိုးခုတ်မှုတွင်ပါဝင်သည့် လူ ငယ်အုပ်စုဝင် ၂ဝဦးခန့်အနက် ၁၂ဦး ဖမ်းဆီးမိထားပြီးထွက် ပြေးနေသူများနှင့် အလားတူ လူငယ်အုပ်စုများကို သကင်္ြန် မတိုင်မီစုံစမ်းဖော်ထုတ်၍ ထိ ရောက်စွာ အရေးယူဆောင်ရွက် မည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။ ‘‘ဒီနေ့အထိ ၁၂ယောက်ကို မိထားပြီးပြီ။ ကျန်တဲ့သူတွေကို တော့မရသေးဘူး။ မူးယစ်ဆေး သုံး၊ မသုံးဆေးစစ်တာ အဖြေ တော့မရသေးဘူး။ အခုဖမ်းမိတဲ့ ထဲမှာ( ၂ဝ)ကျော်နဲ့(၁၄)၊(၁၅)နှစ်တွေများတယ်။ ကျောင်းနေအရွယ်မှာ ကျောင်းမနေရတော့မိဘ၊ ဆရာတွေရဲ့ ပြောဆိုဆုံးမမှုတွေ အောက်လွတ်ပြီး သွားချင်သလို သွားပြီး ရိုင်းသလိုဖြစ်နေတာ။ သူ တို့ကိုယ်တိုင်ဝန်ခံထားတဲ့ကျန်တဲ့ နှစ်ဖွဲ့ကိုလည်း ဆက်လက်ဖော် ထုတ်သွားမယ်’’ ဟု ရဲမှူးကြီးနေ မျိုးက ဧပြီ ၄ရက်ကပြောသည်။ မတ်လ ၃၁ရက် ည၁ဝနာရီ ခွဲခန့်က မူးယစ်ဆေးသုံးစွဲထား သည်ဟု ယူဆရသောလူငယ်အုပ် စုသည် ထားဝယ်မြို့ ပုံကျွန်းရပ် ကွက်ရှိဘုန်းကြီးကျောင်းအလှူ ကပွဲအတွင်းဝင်ရောက်ကခုန်စဥ် အတူကခုန်နေသည့် အခြားလူ ငယ်များနှင့် ခိုက်ရန်ဖြစ်ပွားရာ တွင်တုတ်၊ ဓား၊ ပုဆိန်တို့ဖြင့် တိုက်ခိုက်မှုကြောင့် တစ်ဖက်မှ လူငယ် ခြောက်ဦး ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။ ထို့နောက် အဆိုပါ ည၌ပင် ကမ်းနာလမ်း DDPC ကုန်တိုက် အနီးဆိုင်ကယ်စီးလာသော လူ ငယ် သုံးဦးအနက်တပ်ကြပ်အ ဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင် လူငယ် တစ်ဦးကို အဆိုပါလူငယ်အုပ်စု ဝင်များက ယခင်ဘောလုံးကန်စဥ် ရန်ငြိုးရှိသည်ဟု ယူဆကာ တုတ်၊ဓား၊ ပုဆိန်တို့ဖြင့် ရိုက်နှက်ထိုးခုတ်ခဲ့၍ ဦးခေါင်းပေါက်ပြဲ၊ လက်များ ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ထားဝယ်မြို့တွင် ပြီးခဲ့သည့် နှစ်က ယင်းသို့ တုတ်၊ ဓား၊ ပုဆိန်တို့ဖြင့် မင်းမဲ့စရိုက်ဆန်ဆန်ရမ်းကားသည့်မှုခင်း ဖြစ်ပွားခဲ့ဖူး သည်။ လက်ရှိတွင် အလားတူဖြစ်စဥ်မျိုးထပ်မံဖြစ်ပွားခြင်းကြောင့့် ပြည် သူများ စိုးရိမ်ထိတ်လန့်နေပြီး ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်သူ များကို ထိရောက်စွာအရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့ခံများက ပြောသည်။ ဧပြီ ၁မှ ၄ရက်အထိ အဆို ပါလူငယ်အုပ်စုဝင် ၂ဝဦးခန့်အ နက် ၁၂ဦးကို ဖမ်းဆီးထားပြီး ၎င်း တို့ ကိုင်ဆောင်အသုံးပြုသော လက်နက်များနှင့်အတူ ထားဝယ် မြို့မရဲစခန်းတွင် ဘေးဖြစ်စေ သောလက်နက်ဖြင့် အပြင်းအ ထန်နာကျင်စေမှု၊ တုံးသောလက် နက်ဖြင့် နာကျင်စေမှု၊ အားပေး ကူညီမှုပုဒ်မတို့ဖြင့် အမှုဖွင့်အရေး ယူထားသည်။
Source : https://ift.tt/2EpjgPw
via IFTTT

No comments:

Post a Comment