Friday, April 6, 2018

7Day News Journal

သင်္ကြန်ကာလအတွင်း ဖြစ်ပွားသောမှုခင်းများ စီရင်နိုင်ရန် မန္တလေးတိုင်းရှိ မြို့နယ်တရားရုံးများ ဖွင့်လှစ်မည် သင်္ကြန်ပွဲတော် ကာလ တွင် ဖြစ်ပွားလေ့ရှိသော ခိုက် ရန်ဖြစ်ပွားမှုများ၊ မူးယစ်ရမ်းကား မှုများကို အမိန့်ချ စီရင်နိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးများအားလုံး ဖွင့် လှစ်ထားမည်ဟု တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစိုးသိန်းက ပြောသည်။ မြို့နယ်တရားရုံးများကို အထူးတရားရုံးအနေဖြင့် ဖွင့်လှစ် ထားမည်ဟု ၎င်းကဆိုသည်။ ‘‘ကျွန်တော်တို့ဘက်က ပြင် ဆင်ထားပြီးသားပါ။ သက်ဆိုင် ရာ ညွှန်ကြားဖို့ လိုပါသေးတယ်။ မြို့နယ်အဆင့် တရားရုံးတွေဖွင့် မယ်။ သင်္ကြန်တွင်း မှုခင်းတွေ ပေါ့။ နှစ်မျိုးရှိတယ်။ သင်္ကြန်မှာ ဖြစ်တဲ့ မူးယစ်ရမ်းကားတာတွေ ပါမယ်။ အချင်းချင်းဖြစ်တာ မပါ ဘူး။ အဲဒါတွေကိုတော့ သင်္ကြန်ပြီး မှစွဲမယ်’’ဟု ဦးစိုးသိန်းက ပြော သည်။သင်္ကြန်ကာလအတွင်း ဖြစ် ပွားသော ခိုက်ရန်ဖြစ်ပွားမှု၊ မူး ယစ်ရမ်းကားမှုများကို မြို့နယ် တရားရုံးများတွင် စစ်ဆေးပြီး နေ့ ချင်းပြီး အမိန့်ချစီရင်မည်ဖြစ်ကာ အမှုကြီးဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုများအတွက် တရား ရုံးချုပ်မိန့်ရမန်ယူ၍ သင်္ကြန်ကာလပြီးမှသာ အမှုစွဲတင်မည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် ဒုတိယမြို့နယ်တရားသူကြီး၊ တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။ ‘‘အထူးတရားရုံးကတော့ နှစ်တိုင်းဖွင့်နေကျပဲ။ သင်္ကြန် တွင်း ဖြစ်ပေါ်တဲ့အမှုတွေကို နေ့ ချင်းပြီး စစ်ဆေးတာမျိုးတွေ လုပ် တယ်။ တချို့အမှုကြီးတွေဖြစ်ရင် ရဲစခန်းမှာ ၂၄ နာရီပဲ ချုပ်လို့ရ တယ်လေ။ ကျန်တဲ့ရက်တွေမှာ ချုပ်လို့ရအောင် တရားရုံးကနေ ရမန်ပေးရတယ်။ အမှုအသေး လေးတွေကတော့ ပြီးသွားတယ်။ အမှုကြီးကတော့ သင်္ကြန်ပြီးမှ စစ်ဆေးရတယ်’’ဟု ဦးကျော်စွာ လင်းက ပြောသည်။ သင်္ကြန်ကာလအတွင်း ဖြစ် ပွားသော ပြစ်မှုများ စီရင်ရန် မြို့ နယ် တရားရုံးများတွင် တရားသူ ကြီးများ အလှည့်ကျ ဆောင်ရွက် ရကြောင်း ၎င်းကပြောသည်။
Source : https://ift.tt/2GGzXYT
via IFTTT

No comments:

Post a Comment