Monday, April 9, 2018


သင်သတိမထားမိတဲ့ လိမ္မော်ခွံရဲ့ အသုံးဝင်ပုံများ လိမ္မော်သီးစားတဲ့အခါ လိမ္မော်ခွံကို အလွယ်တကူပဲ လွှင့်ပစ်တတ်ကြပါတယ်။ လိမ္မော်သီးမှာ ကျန်းမာရေး အာနိသင်တွေ ရှိသလို လိမ္မော်ခွံမှာလည်း သင်သတိမထားမိတဲ့ အသုံးဝင်လှတဲ့ နည်းလမ်းများစွာရှိတာကြောင့် ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) ဟင်းနံ့တွေကြောင့် မီးဖိုချောင်ကနေ အနံ့နံတဲ့အခါမျိုးတွေမှာ လိမ္မော်ခွံ အနည်းငယ်ကို ရေထဲမှာထည့်ပြုတ်ပေးပြီး မီးဖိုချောင်မှာထားပေးမယ်ဆိုရင် မီးဖိုချောင်က အနံ့အသက်တွေ ကင်းဝေးသွားပါလိမ့်မယ်။ (၂) ရေခဲသေတ္တာထဲမှာ အနံ့နံနေသလို ခံစားရတယ်ဆိုရင်တော့ လိမ္မော်ခွံ အနည်းငယ်ကို ဆားနဲ့ရောပြီး ခွက်တခုထဲထည့်ကာ ရေခဲသေတ္တာထဲမှာထားပေးမယ်ဆိုရင်တော့ ရေခဲသေတ္တာထဲက အနံ့အသက်တွေအစား လိမ္မော်ခွံနံ့လေးမွှေးနေစေမှာ ဖြစ်ပါတယ်။ (၃) သကြားတွေ မာပြီးခဲမသွားအောင် လိမ္မော်ခွံအနည်းငယ်ကို သကြားပုလင်း ဒါမှမဟုတ် သကြားအိတ်ထဲမှာ ထည့်ထားပြီး အလုံပိတ်ထားပေးလို့ရပါတယ်။ (၄) ဘေစင်ရေဆင်းပိုက်တွေ သန့်ရှင်းရေးလုပ်တဲ့အခါ လိမ္မော်ခွံအနည်းငယ်ကို ကြိတ်ချေပြီး ရေနဲ့လောင်းချပေးမယ်ဆို ရင် ဘေစင်ရေဆင်းပိုက်ထဲက အနံ့ဆိုးတွေကို ပျောက်ကွယ်စေမှာဖြစ်ပါတယ်။ (၅) ပင့်ကူနဲ့ ပိုးဟပ်တွေရန်ကနေ ကင်းဝေးစေဖို့အတွက် လိမ္မော်ခွံအနည်းငယ်ကို ပါးပါးလှီးပြီး ခွက်တခုထဲထည့်ပါ။ ပြီးရင်တော့ ရေနွေးအနည်းငယ်ကို လိမ္မော်ခွံထည့်ထားတဲ့ ခွက်ထဲကို လောင်းချပြီး ပင့်ကူနဲ့ ပိုးဟပ်တွေလာတတ်တဲ့ လမ်းကြောင်းအနီးအနားမှာ ထားပေးမယ်ဆိုရင် ပင့်ကူနဲ့ပိုးဟပ်တွေ ဝေးဝေးပြေးစေမှာဖြစ်ပါတယ်။ (၆) အဝတ်ဗီရိုနဲ့ အံဆွဲတွေထဲမှာ အနံ့အသက်တွေမကောင်းတော့ဘူး ဆိုရင်တော့ လတ်ဆတ်တဲ့ လိမ္မော်ခွံအနည်းငယ်ကို ထားပေးခြင်းအားဖြင့် အနံ့အသက်ဆိုးတွေ ကင်းဝေးစေမှာဖြစ်ပါတယ်။ Ref : healthyleo.com The post သင်သတိမထားမိတဲ့ လိမ္မော်ခွံရဲ့ အသုံးဝင်ပုံများ appeared first on ဧရာဝတီ.
Source : https://ift.tt/2qitkVt
via IFTTT

No comments:

Post a Comment