Friday, April 6, 2018


ပျိုမေတို့အတွက် သင်္ကြန်မှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်မယ့် ဖက်ရှင်များ မကြာခင် ကျရောက်တော့မယ့် သင်္ကြန်အခါ သမယမှာ ဘာဝတ်ရမလဲ အကြံအိုက်နေတဲ့ ပျိုမေတွေအတွက် ပေါ့ပါးပြီး လှပေစေမယ့် ဒီဇိုင်းတွေ ဖော်ပြပေးချင်ပါတယ်။ နေလောင်ဒဏ်လည်းခံပြီး လှပနေစေမယ့် သင်္ကြန်ဖက်ရှင် ဒီဇိုင်းလေးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) Floral Top အရောင်လွင်လွင်နဲ့ ပန်းပွင့်တွေပါတဲ့ အပေါ်အကျႌမျိုးကို အောက်က စွပ်ကျယ်နဲ့ တွဲဖက်ဝတ်ဆင်ပါ။ မိန်းမဆန်ပြီး အရောင်လွင်တာကြောင့် ထင်းကနဲ လှပနေမှာပါ။ (၂) Colorful Vest အောက်က ဂျင်းဘောင်းဘီတို (သို့မဟုတ်) အရှည်နဲ့ ဒီလို အရောင်တောက်တောက်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အသားမဲမှာစိုးရင် အပေါ်က အနွေးထည် ထပ်ဝတ်ထားလိုက်ပေါ့။ (၃) Crop Top ဒီလိုအမိုက်စား ခါးတိုလေးတွေနဲ့ ဂျင်းဘောင်းဘီ တွဲဖက် ဝတ်ဆင်လိုု့လဲရပါတယ်။ အပေါ်က အနွေးထည် ကိုတော့ အရောင်မှိန်ပြီး မိုးကာသား အပါးမျိုး ရွေးချယ်နိုင်ပါတယ်။ (၄) Jacket ရေစိုဒဏ်နဲ့ နေရောင်ခြည်ဒဏ် ခံနိုင်ဖို့အတွက် အပေါ်ထပ်ကို မဖြစ်မနေ ဝတ်ရမယ်ဆိုရင် Bomber Jacket၊ ဂျင်းကုတ်နဲ့ အခြားခေါင်းစွပ် အနွေးထည်မျိုး ဝတ်ဆင်ပါ။ (၅) Accessories ကိုယ်က လူတွေကြားထဲ ထင်းချင်တဲ့ဇောနဲ့ Accessories တွေ အများကြီး မသုံးမိဖို့ သတိပြုပါ။ အဓိက လိုအပ်တာတော့ ဦးထုပ်နဲ့ မျက်မှန်ပါ။ သင်္ကြန်အတွက် မျက်မှန်အနက်အစား အရောင်ပေါ်တာမျိုး ရွေးချယ်ဝတ်ဆင်နိုင်သလို ဦးထုပ်အတွက်ကတော့ လျှာထိုးဦးထုပ်က အလိုက်ဖက်ဆုံး ဖြစ်မှာပါ။ ကဲ ဒီလောက်ဆိုရင်တော့ သင်္ကြန်မှာ ဘာဖက်ရှင် ဝတ်ရမလဲ ခေါင်းစားနေတဲ့ ပျိုမဒီတို့အတွက် အကြံရလောက်ပြီ ထင်ပါတယ်နော်။ ဆက်စပ် သတင်းလင့်ခ် – ချွေးထွက်တတ်တဲ့ အမျိုးသမီးတွေအတွက် နွေရာသီမှာ အထာကျမယ့် ဖက်ရှင်နည်းလမ်း ၈ ခု The post ပျိုမေတို့အတွက် သင်္ကြန်မှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်မယ့် ဖက်ရှင်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2qbEAUz
via IFTTT

No comments:

Post a Comment