Saturday, April 7, 2018


ဘင်္ဂါလီများကို မောင်တောတောင်ပိုင်း၌ နေရာမချဖို့ ရခိုင်လွှတ်တော်ဆုံးဖြတ် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် နိုင်ငံသား မဟုတ်သည့် ဘင်္ဂါလီများအား ပြန်လည်နေရာချ ထားခြင်း မပြုရန် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဧပြီလ ၃ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ဘူသီးတောင် မဲဆန္ဒ နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ယင်းအရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး၊ မနေ့ ဧပြီ ၆ရက် တွင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကာ ကန့်ကွက်သူမရှိသဖြင့် ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။ “လူနည်းစု ရခိုင်နဲ့ မျိုးနွယ်စုတွေက ကြောက်ရွံ့စိုးရိမ်မှုတွေများပြီး တဖြည်းဖြည်းနဲ့ နေရပ်စွန့်ခွာ သွားသူတွေများလာ နေတယ်။ နယ်မြေတခုလုံးလည်း နိုင်ငံသား မဟုတ်တဲ့သူတွေ လက်ထဲကျခဲ့ရပြီ၊ ဒီလိုအချိန်မျိုးမှာ မောင်တော တောင်ပိုင်းမှာ နိုင်ငံသားမဟုတ်တဲ့ လူတွေကို နေရာချထားပေးမယ် ဆိုရင် နောင်အချုပ်အခြာနဲ့ နယ်မြေတစ်ခုလုံးကို ထိပါးလာနိုင်တယ်။ ဒေသခံတွေလည်း တောင်ပိုင်း မှာ ဘင်္ဂါလီတွေကို မထားဖို့ သဘောထား ကြေငြာချက်တွေ ထုတ်ထားတဲ့အတွက် ဒေသခံတွေရဲ့ ဆန္ဒကိုလည်း အလေးထား ဆောင်ရွက် ဖို့ လိုပါတယ် ” ဟု ဘူးသီးတောင်မဲ ဆန္ဒနယ် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။ ၎င်းအရေးကြီးအဆို၏ အပြည့်အစုံမှာ “ နိုင်ငံတော် အချုပ်အခြာအာဏာတည်တံ့ရေး ၊ ဒေသခံ တိုင်းရင်း သားများ ဘဝ လုံခြုံရေး ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် တောင်ပိုင်း ဒေသတွင် နိုင်ငံသား မဟုတ်သူများအား ပြန်လည် နေရာချထားခြင်း မပြုရန် ရခိုင်ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စု အစိုးသို့ တိုက်တွန်းကြောင်း ” ဟူ၍ ဖြစ်သည်။ ၎င်းအရေးကြီးဆိုနှင့်ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်များထောက်ခံဆွေးနွေးရာတွင် တဘက် နိုင်ငံသို့ ရောက်ရှိ နေသော ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့၏ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွင် မောင်တော တောင်၌ ဘင်္ဂါလီ ကျေးရွာ ၈ ရွာထူထောင်ပေးရန် စီစဉ်နေကြောင်း ၊ ယင်းသို့ မောင်တောတောင်ပိုင်း၏ ပထဝီအနေအထားသည် ပင်လယ်ပြင်နှင့် ထိစပ်နေသည့် အတွက် တရားမဝင် ဝင်ရောက် လူသူများရှိလာနိုင်သလို အကြမ်းဖက်သမား များလည်း အလွယ်တကူ ဝင်ရောက်လာနိုင်ကြောင်း လွှတ်တော် တွင် တင်ပြဆွေးနွေးခဲ့ကြသည်။ “မောင်တောတောင်ပိုင်းရဲ့ ပထဝီ အနေအထားက ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့အတွက် ဒီလိုနေရာမျိုးမှာ ဘင်္ဂါလီ ကျေးရွာ များကိုသာ ထူထောင်ပေးခဲ့မယ်ဆိုရင် တဘက်က ခိုးဝင်သူများနဲ့ အကြမ်းဖက် သမားများကို ကြိုဆိုလက်ခံရေး စခန်းဖွင့် ပေးသလို ဖြစ်နေပါတယ်။ ဒီအချိန်မှာ မှားယွင်းခဲ့ရင် အနာဂတ်ဟာ ပြုပြင်လို့ မရနိုင်လောက်အောင် အမှားနဲ့ရင်ဆိုင်ရ နိုင်တယ်ဆိုတာ နိုင်ငံတော် အစိုးရ အနေနဲ့ အထူးသတိထားသင့်ပါတယ် ” ဟု မြေပုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ခံဆွေးနွေးခဲ့သည်။ တပ်မတော်သားလွှွတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ဇင်သန်းကလည်း မောင်တောတောင်ပိုင်း သည် ပင်လယ်ပြင်နှင့် ထိစပ်နေပြီး နယ်စပ်ခြံစည်းရိုးလည်း ကာရန်ထားခြင်း မရှိသောကြောင့် နယ်စပ်လုံခြုံရေး အတွက် ၄ဘင်္ဂါလီကျေးရွာများ ထူထောင်မပေးသင့်ကြောင်းကို ထောက်ခံဆွေးနွေးခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ သဘောထားကို လွှတ်တော်တင်ပြခဲ့ရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များမှာ ပြည်သူများ၏ ဆန္ဒဖြစ်သဖြင့် ကန့်ကွက်စရာမရှိပါကြောင်း ၊ သို့သော်လည်း ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ကြရာတွင် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖိအားများ ရှိနေသည့်အတွက် အစိုးရအဖွဲ့၏ အခက်အခဲ့များ ကိုလည်းနားလည်ပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်ဟု သိရသည်။ The post ဘင်္ဂါလီများကို မောင်တောတောင်ပိုင်း၌ နေရာမချဖို့ ရခိုင်လွှတ်တော်ဆုံးဖြတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2IzRh28
via IFTTT

No comments:

Post a Comment