Monday, April 9, 2018


နေ့စဉ်အိမ်မှုကိစ္စတွေမှာ အသုံးပြုလို့ရတဲ့ ကိုကာကိုလာအချိုရည် လူသိများပြီး သောက်သုံးသူများလှတဲ့ ကမ္ဘာ့အကြီးဆုံး အချိုရည်ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ ကိုကာကိုလာ အချိုရည်ဟာ သောက်စရာ အအေးတခု ထက်ပိုပြီး နေ့စဉ်အိမ်မှု ကိစ္စတွေမှာပါ အသုံးဝင်တာကြောင့် ကိုကာကိုလာရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အင်္ကျီပေါ်မှာ စွန်းထင်းနေတဲ့ အစွန်းအထင်း အညစ်အကြေးတွေကို ဆပ်ပြာမှုန့်နဲ့အတူ ကိုကာကိုလာ အချိုရည် အနည်းငယ်ကို ထည့်ပြီး လျှော်ဖွပ်ပေးမယ်ဆိုရင်တော့ အစွန်းအထင်းတွေ အလွယ်တကူ နဲ့ပျောက်ကွယ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ (၂) ပြတင်းပေါက်မှန်တွေ ကြည်ကြည်လင်လင် မရှိဘဲ ညစ်နွမ်းနေတဲ့ အခါမျိုးတွေမှာ ကိုကာကိုလာ အချိုရည်ကို ရေဖြန်းတဲ့ ဘူးထဲ ထည့်ပြီး သန့်ရှင်းရေး ပြုလုပ်လို့ ရပါတယ်။ ကိုကာကိုလာမှာ ပါဝင်တဲ့ Citric အက်ဆစ်ဟာ မှန်ကြည် ဆေးကဲ့သို့ ဂုဏ်သတ္တိရှိတာကြောင့် ပြတင်းပေါက်မှန်တွေကို ကြည်လင်သန့်ရှင်းစေမှာ ဖြစ်ပါတယ်။ (၃) သံချေးတက်နေတဲ့ သော့ခလောက်တွေနဲ့ အခြားသော သံချေးတက်နေတဲ့ အိမ်သုံးပစ္စည်းတွေကို ကိုကာကိုလာ နဲ့ စိမ်ပြီး သန့်ရှင်းရေး ပြုလုပ်ပေးခြင်းအားဖြင့် သံချေးတွေကို ပြောင်စင်စေမှာ ဖြစ်ပါတယ်။ (၄) အရောင်မှိန်နေတဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ကိုကာကိုလာထဲ စိမ်ပြီး သွားပွတ်တံနဲ့ သန့်ရှင်းရေး လုပ်ပေးမယ် ဆိုရင်တော့ လက်ဝတ်ရတနာပစ္စည်းတွေ ပြန်လည် တောက်ပြောင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ (၅) အိမ်သာကြွေခွက် နဲ့ ရေချိုးခန်းကြမ်းပြင်တွေ ညစ်ပတ်နေတဲ့အခါမျိုးတွေမှာ ကိုကာကိုလာအချိုရည်ကို သန့်ရှင်းရေး ပြုလုပ်ချင်တဲ့ နေရာပေါ်မှာ လောင်းချပေးပြီး နာရီဝက် တနာရီခန့်ထားပြီးမှ သန့်ရှင်းရေး ပြုလုပ်ပေးမယ်ဆိုရင် အညစ်အကြေးတွေ ပြောင်စင်သွားမှာ ဖြစ်ပါတယ်။ (၆) အိုးခွက်ပန်းကန်တွေ ဆေးကြောတဲ့အခါ ဟင်းအဆီတွေကြောင့် မပြောင်တဲ့အခါမျိုးတွေမှာ ကိုကာကိုလာ အနည်းငယ်ကို အဆီတွေပေနေတဲ့ အိုးခွက်ပန်းကန်ပြားတွေပေါ်မှာ လောင်းချပြီး နာရီဝက်ခန့် အကြာမှာ ပြန်လည် ဆေးကြောပေ မယ် ဆိုရင် အဆီနဲ့ အညစ်အကြေးတွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်။ Ref : healthyleo.com The post နေ့စဉ်အိမ်မှုကိစ္စတွေမှာ အသုံးပြုလို့ရတဲ့ ကိုကာကိုလာအချိုရည် appeared first on ဧရာဝတီ.
Source : https://ift.tt/2GIqwbh
via IFTTT

No comments:

Post a Comment