“Indiana Jones 5” ရုပ်ရှင်ဟာ မင်းသားကြီး Harrison Ford အတွက် နောက်ဆုံးဖြစ်မည် နှစ်ပေါင်းများစွာကြာ ရိုက်ကူးဖို့ စီစဉ်ထားခဲ့တဲ့ “Indiana Jones V” ရုပ်ရှင်ကို လာမယ့်နှစ် ဧပြီလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပြီး ဒါရိုက်တာအဖြစ် Steven Spielberg ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။ မင်းသားကြီး Harrison Ford က အနုပညာမြောက်တဲ့ဇာတ်ရုပ်အနေနဲ့ ပြန်လည် သရုပ်ဆောင်ဖို့ သဘောတူလိုက်ချိန်မှာပဲ နာမည်ကျော် စိတ်ကူးယဉ် ဗိသုကာပညာရှင် အနေနဲ့ နောက်ဆုံးပါဝင် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာကြီး Spielberg က “ဒါဟာ Harrison Ford ရဲ့ နောက်ဆုံး Indiana Jones ရုပ်ရှင် ဖြစ်လာမှာပါ၊ တော်တော်လေး သေချာပါတယ်၊ ဒါပေမယ့် ရုပ်ရှင်ကို ဆက်ရိုက်သွားဖို့လည်း ရှိပါတယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။ ဘယ်သူ့ကို ရွေးချယ်ရမယ် ဆိုတာမျိုး မရှိသေးပေမယ့် ရုပ်ရှင်ဒါရိုက်တာက အမျိုးသမီး Indiana Jones အတွက် အချိန်ကျရောက်ပြီ ဖြစ်တယ်လို့ ထင်ကြောင်း ပြောပါတယ်။ ရုပ်ရှင်လုပ်ငန်းမှာ လိင်သာတူညီမျှမှု ရှိရေးအတွက် Time’s Up ကမ်ပိန်း ထောက်ခံ သူတ ယောက်ဖြစ်တဲ့ ဒါရိုက်တာကြီးဟာ “စူးစမ်းရှာဖွေသူဟာ မတူညီတဲ့ ပုံစံတခုဖြစ်လာဖို့ အချိန်တန်ပြီ” လို့ ပြောကြားထားပါတယ်။ သူက “Jones ဆိုတဲ့ နာမည်ကို Joan လို့ ပြောင်းလဲရပါတော့မယ်၊ ပြီးတော့ အဲဒီလိုလုပ်လို့လည်း အမှားအယွင်း ဖြစ်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဒါရိုက်တာကြီး Spielberg က စွန့်စားခန်းရုပ်ရှင်မှာ Indy ကို ပြန်ပြီး ထည့်ရိုက်မှာ မဟုတ်ဘူးလို့ မကြာသေးခင်က ပြောကြားထားပါတယ်။ သူက “Indy အနေနဲ့ Harrison နေရာကို တယောက်ယောက်ကို အစားထိုး နိုင်လိမ့်မယ်လို့ မထင်ပါဘူး၊ ဖြစ်လာ လိမ့်မယ်လို့လည်း မထင်ပါဘူး” လို့ ၂၀၁၅ ခုနှစ်မှာ Screen Daily သတင်းစာကို ပြောကြားခဲ့ပါတယ်။ ဆက်ပြီး “ပင့်ကူလူသားနဲ့ လင်းနို့လူသားတို့ကို သရုပ်ဆောင်ခဲ့တဲ့ မင်းသား aတာ်တော်များများ ရှိခဲ့ပေမယ့် သူ့နေရာမှာ ဝင်ပြီး အခြားသရုပ်ဆောင်တယောက် ရရှိဖို့ဟာ ကျနော့် ရည်ရွယ်ချက် မဟုတ်ပါဘူး၊ Indiana Jones ကို သရုပ်ဆောင်တဲ့ မင်းသားက တယောက်တည်း ရှိပါတယ်၊ အဲဒါကတော့ Harrison Ford ပါပဲ” လို့ ဆိုပါတယ်။ အော်စကာဆုရှင် ဒါရိုက်တာကြီးက Harrison ရဲ့ ဇာတ်ကောင်ကို သတ်ပစ်မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ The Hollywood Reporter မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ သူက “ကျနော် ခင်ဗျားတို့ကို ပြောနိုင်တာ တခုက အဆုံးသတ်မှာ Harrison ကို ကျနော် သတ်ပစ်မှာ မဟုတ်ပါဘူး” လို့ ပြောကြားထားပါတယ်။ ဒါရိုက်တာကြီး Spielberg နဲ့ မင်းသားကြီး Ford တို့ပြန်လည်ပေါင်းစည်းထားတဲ့ မကြာမီ ရိုက်ကူးတော့မယ့် “Indiana Jones” ရုပ်ရှင်မှာ Kathleen Kennedy နဲ့ Frank Marshall တို့က ထုတ်လုပ်သူတွေအဖြစ် ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။ David Koepp က ဇာတ်ညွှန်းကို ရေးသားမှာ ဖြစ်ပြီး John Williams ကတော့ ဂီတပိုင်းဆိုင်ရာကို ထောက်ပံ့ ပေးဦးမှာပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁၀ ရက်၊ အမေရိကန်နိုင်ငံမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ Ref ; aceshowbiz The post “Indiana Jones 5” ရုပ်ရှင်ဟာ မင်းသားကြီး Harrison Ford အတွက် နောက်ဆုံးဖြစ်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2EpZrrl
via IFTTT
No comments:
Post a Comment