ဈေးနှုန်းအမြင့်ဆုံး ကျပ် ၂၅ သိန်းတန် VVIP လက်မှတ် ပါဝင်တဲ့ “Infinity Indoor Music Festival” သင်္ကြန်အကြိုအဖြစ် ပြုလုပ်ကျင်းပမယ့် “Infinity Indoor Music Festival” ကို ဧပြီလ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာရှိတဲ့ The One Entertainment Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲရဲ့ ဈေးနှုန်းတွေကိုတော့ GA ၄သောင်းကျပ် ၊ VIP ၆သောင်း ကျပ်နဲ့ VVIP သိန်း ၂၀ ကျပ်၊ VVIP အထူး လက်မှတ်များကို ၂၅ သိန်းကျပ်ဖြင့် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ VVIP အတွက် ကျပ်သိန်း ၂၀ တန် package မှာတော့ လူ ၈ ဦးစာအတွက် အစားအသောက်များ၊ သောက်စရာများ ပါဝင်ပြီး ကျပ် ၂၅သိန်းတန် Package မှာတော့ လူ ၁၀ ယောက်စာအတွက် အစားအသောက်နဲ့ သောက်စရာများ ပါဝင်တယ်လို့ သိရပါတယ်။ “Infinity Indoor ပွဲကိုတော့ သင်္ကြန်အကြိုနေ့မှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြိုနေ့ မနက်မှာ မဏ္ဍပ်တွေက မဖွင့်ကြဘူး။ ပျော်ချင်တဲ့သူတွေက အဆင်မပြေတဲ့အတွက် ညဘက်မှာလာပြီးတော့ ပျော်ရွှင်လို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူ ကိုစိုးလှိုင်က ပြောပါတယ်။ ဒီပွဲကိုတော့ Brave Entertainment နဲ့ Blackjack Entertainment တို့က ပူးပေါင်း ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာဘီယာက Title စပွန်ဆာအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။ Title စပွန်ဆာအဖြစ်ပါဝင်သွားမယ့် မြန်မာဘီယာမှ Marketing Direct မမြစိမ်းရီက “ဒီလိုပျော်ရွှင်စရာ ကောင်းတဲ့ သင်္ကြန်အချိန်အခါမှာ မြန်မာဘီယာအနေနဲ့ ပရိသတ်တွေအားလုံးကို ပျော်ရွှင်စေချင်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက မြန်မာဘီယာအနေနဲ့ ရန်ကုန်မြို့မှာ ပွဲတွေ မလုပ်ဖြစ်တာ ကြာပါပြီ။ ဒီပွဲကြီးကို လုပ်ဖို့အတွက် ကမ်းလှမ်းလာတဲ့ အတွက် မြန်မာဘီယာအနေနဲ့ Title စပွန်ဆာအဖြစ် ပါဝင်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။ Infinity Indoor Music Festival ကိုတော့ ဧပြီလ ၁၃ရက်နေ့ (သင်္ကြန် အကြိုနေ့) ၊The One Entertainment Park မှာ နေ့လည်၂နာရီ မှ ည ၁၂နာရီအထိ နာမည်ကျော် DJ များဖြစ်တဲ့ World No 53 Dj Aly &Fila နဲ့ မြန်မာနိုင်ငံမှ DJ Wine တို့က ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ The post ဈေးနှုန်းအမြင့်ဆုံး ကျပ် ၂၅ သိန်းတန် VVIP လက်မှတ် ပါဝင်တဲ့ “Infinity Indoor Music Festival” appeared first on ဧရာဝတီ.
Source : https://ift.tt/2JvcHih
via IFTTT
No comments:
Post a Comment