အမျိုးသမီးများအတွက် ဆံသားထူထူ ပိုင်ဆိုင်ဖို့ လျှို့ဝှက်နည်းလမ်း ၁၀ မျိူး ထူထဲနက်မှောင်တဲ့ ဆံကေသာကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဆံပင်ပါးလို့ အမြဲစိတ်ညစ်ရတဲ့ အမျိုးသမီးတို့အတွက် သဘာဝနည်းလမ်းတွေကို အသုံးပြုရင်း ဆံကေသာ ထူထဲလာစေမယ့် နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။ (၁) ဗောက်တွေကို သတိပြုပါ ခေါင်းမှာ ဗောက်တွေ မရှိစေဖို့ သင့်ဆံသားနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှာ်ရည်ကောင်းကောင်း လိုအပ်သလို ဘဘာဝနည်းလမ်းအနေနဲ့ သံပုရာသီးကို ခေါင်းမလျှော်ခင် ခေါင်းမှာ လိမ်းထားပါ။ ပြီးမှ ခေါင်းလျှော်ပါ။ (၂) တနေ့ ရေ ၈ ခွက် သောက်ပါ ရေဓာတ်ပြည့်ဝအောင် ထားခြင်းက သင့်ဦးရေပြားကို ကျန်းမာစေပြီး ဆံသားကြီးထွားမှုကို အထောက်အပံ့ ကောင်းကောင်း ပေးနိုင်ပါတယ်။ (၃) နှိပ်နယ်ပါ ခေါင်းမလျှော်ခင် ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆံသားကြီးထွားမှုကို အားပေးပါတယ်။ (၄) ဆီသုံးပါ တပတ်ကို တခါလောက် အုန်းဆီနဲ့ ခေါင်းကို နှိပ်နယ်ပေးပါ။ ဆီနဲ့ နှိပ်နယ်ပေးတာက သင့်ဦးရေပြားကို အစိုဓာတ် တဖြေးဖြေး စိမ့်ဝင်စေပါတယ်။ (၅) အိုမီဂါ 3 စားသုံးပါ ကျန်းမာတဲ့ ဆံကေသာတိုင်းအတွက် အိုမီဂါ 3 လိုအပ်ပါတယ်။ ဆော်လမွန်ငါး၊ ထောပတ်သီး၊ မက်မွန်သီးတို့မှာ အိုမီဂါ 3 ပါဝင်တဲ့အတွက် နေ့စဉ်စားသုံးပေးပါ။ (၆) ခေါင်းလျှော်ရည် အလွန်အကျွံသုံးခြင်း ရှောင်ပါ ခေါင်းခဏခဏ လျှော်တာက သင့်ဦးရေပြား ခြောက်သွေ့စေပြီး တခါတရံ ဗောက်တွေ ထတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည် အများအပြား သုံးခြင်းနဲ့ တပတ်အတွင်းမှာ ခေါင်းခဏခဏ လျှော်တာကို ရှောင်ကြဉ်ပါ။ (၇) အပူသုံးတာတွေ နည်းပါစေ ခေါင်းကို Dryer မှုတ်တာမျိုး၊ ဆံပင်ခဏခဏ ဖြောင့်တာ၊ ကောက်တာမျိုးကို ရှောင်ပါ။ ဖြစ်နိုင်ရင် ဦေးခါင်းကို အပူရစေမယ့် အရာသုံးတာကို တပတ်တခါလောက်သာ လုပ်ပါ။ အပူပေးတာ များတဲ့အခါ ဆံသားနှစ်ခွ ဖြစ်ခြင်းနဲ့ ဆံပင်ကျိုးကြေ ပျက်စီးတာမျိုး ဖြစ်စေပါတယ်။ (၈) ဆံပင်အစိုကို ခေါင်းမဖြီးပါနဲ့ ဆံသားက စိုနေတဲ့အချိန်မှာ ပိုပျော့ပျောင်း နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ခေါင်းဖြီးတာက ပုံစံ မကျတဲ့အခါ ဆံပင်တွေ ပိုပျက်စီးစေပါတယ်။ (၉) ဗီတာမင်ဓာတ် ရပါစေ သင့်ဆံသား ကြီးထွားဖို့အတွက် ဇင့်ဓာတ်နဲ့ ဗီတာမင် ဘီ ရစေဖို့ အားဆေးသောက်ပါ။ (၁၀) ပုံစံပြောင်းပါ ဆံပင်က ဘယ်လိုပဲ ကြိုးစားကြိုးစား မထူလာဘူးဆိုရင် စိတ်ဓာတ်ကျ မနေပါနဲ့။ ဆံပင်စတိုင်လ် ပြောင်းလဲကြည့်ပါ။ ဆံပင်ဆက်တာမျိုး၊ ပိုနီတေးလ်နဲ့ ဆံထုံးက သင့်ဆံပင်ကို ထူလာစေပါတယ်။ ကဲ အမျိုးသမီးများ လိုတာမရ၊ ရတာမလိုဖြစ်နေလို့ စိတ်ညစ် မနေဘဲ ဆံသားတွေ ထူထဲလာစေဖို့ သေချာအချိန်ပေး လုပ်ကြည့်ပါနော်။ The post အမျိုးသမီးများအတွက် ဆံသားထူထူ ပိုင်ဆိုင်ဖို့ လျှို့ဝှက်နည်းလမ်း ၁၀ မျိူး appeared first on ဧရာဝတီ.
Source : https://ift.tt/2HZZDEm
via IFTTT
No comments:
Post a Comment