Thursday, May 10, 2018


သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပစေမယ့် နည်းလမ်းကောင်းများ ပရိဘောဂတွေကို သန့်ရှင်းပေးနိုင်တဲ့ များစွာသော Chemical Cleaner တွေရှိပေမယ့် ဒါတွေဟာ အသုံးပြုသူအတွက်ရော ပတ်ဝန်းကျင်လေထုမှာပါ အနံ့အသက်တွေ ပျံ့နှံ့စေနိုင်ပါတယ်။ အိမ်သုံး ပရိဘောဂတွေပေါ်က အစွန်းအထင်းတွေနဲ့ အရောင် တောက်ပမှု မရှိတာတွေအတွက် အသစ်အတိုင်းကို ပြန်လည် တောက်ပလာစေမယ့် လွယ်လွယ်ကူကူ သန့်ရှင်း ရေး ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းကောင်းတွေကို ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ (၁) မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနဲ့ဖျော်ထားတဲ့ မုန့်ဖုတ်ဆိုဒါရေကို ဖျန်းဆေးဘူးထဲထည့်ပြီး အဝတ်နဲ့ ပွတ်တိုက် သန့်ရှင်းရေး လုုပ်ပေးခြင်းအားဖြင့် သစ်သား ပရိဘောဂတွေကို ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။ (၂) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ ရှာလကာရည်အနည်းငယ်ကို သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲလောက်နဲ့ ရောပြီး အစွန်းအထင်းနဲ့ ခြစ်ရာစင်းရာတွေရှိတဲ့ သစ်သားပရိဘောဂတွေပေါ်ကို ပွတ်တိုက်သန့်ရှင်းပေး နိုင်ပါတယ်။ (၃) လိမ္မော်သီးခွံအနည်းငယ်ပေါ်မှာ သံလွင်ဆီနှစ်စက်ခန့် လောင်းပြီး သစ်သားပရိဘောဂတွေကို ပွတ်တိုက် ပေးခြင်းအားဖြင့် ပရိဘောဂအရောင်တွေကို ပြောင်လက်တောက်ပနေစေမှာ ဖြစ်ပါတယ်။ (၄) သံလွင်ဆီနဲ့ ဝိုင်နီတို့ကို ဆတူရောပြီး ပရိဘောဂတွေပေါ်မှာ အနည်းငယ်လောင်းချပြီး အဝတ်စနဲ့ပွတ်တိုက်ပေးရုံနဲ့ သင့်ရဲ့ ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပနိုင်စေမှာ ဖြစ်ပါတယ်။ (၅) အပူပေးထားတဲ့ ပျားဖယောင်းအနည်းငယ်ထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်ရောထားတဲ့ အရောကို တောက်ပမှုမရှိတော့တဲ့ ပရိဘောဂတွေပေါ်မှာ ပွတ်တိုက်ပေးရုံနဲ့ ပြောင်လက်တောက်ပလာစေမှာ ဖြစ်ပါတယ်။ Ref. https://ift.tt/2wTlggo The post သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပစေမယ့် နည်းလမ်းကောင်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2KPQMmD
via IFTTT

No comments:

Post a Comment