Monday, May 7, 2018


အသားအရေ အလှအပအတွက် အာလူးရဲ့အသုံးဝင်ပုံ နည်းလမ်း ၅ ခု သင်စားသုံးနေတဲ့ အာလူးတလုံးမှာ အာဟာရဓာတ် များစွာပါဝင်ပါတယ်။ ဒါ့အပြင် အာလူးဟာ အလှအပ အတွက်လည်း အသုံးဝင်တာကြောင့် လှချင်တဲ့ အမျိုးသမီးတွေ အာလူးကိုဘယ်လို အသုံးချရမလဲ သိအောင် ဧရာဝတီမှ ဝေမျှရေးသား လိုက်ပါတယ်။ (၁) အရေးကြောင်းကို ကုသမယ် အာလူးဟာ အရေးကြောင်းတွေ လျော့နည်းစေတဲ့ Anti Aging အစွမ်းတွေ ရှိပါတယ်။ အာလူးကို အခွံခွာပြီး ကြိတ်ချေကာ မျက်နှာပေါ်မှာ မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးချလိုက်ရုံပါပဲ။ (၂) အမဲစက်တွေ ဖယ်ရှားမယ် အမဲစက်တွေ လျော့ပါးစေဖို့အတွက် အခွံနွှာပြီးသား အာလူးကို Blender ထဲမှာ ချေပါ။ မျက်နှာမှာ လိမ်းပြီး ၅ မိနစ်ခန့် ညင်သာစွာ လက်နဲ့ နှိပ်နယ်ပေးပါ။ ပြီးနောက် ရေအေးနဲ့ ဆေးချပါ။ ဒါ့အပြင် မုန့်ဖုန်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောနှောပြီးတော့သုံးမယ်ဆိုရင် တင်းတိပ်နဲ့ အသားမညီတာတွေပါ ကုသနိုင်ပါတယ်။ (၃) နေလောင်ထားတဲ့ အရေပြားကို ကုသမယ် သင်ဟာ နေပူအောက်မှာ သွားလာလှုပ်ရှားတာ များတယ်ဆိုရင် အာလူး အချပ်လိုက်ကို နေလောင်တဲ့ အရေပြားပေါ် မိနစ် ၂၀ ခန့် တင်ထားပါ။ ဒါမှ မဟုတ်လည်း အရည်ဖျော်ပြီး လိမ်းထားလို့ ရပါတယ်။ (၄) လှပတဲ့ အသားအရေ ပိုင်ဆိုင်စေမယ် သင်က သဘာဝအတိုင်း တောက်ပတဲ့ အသားအရေ လိုချင်တယ်ဆိုရင် အာလူးကို ကြိတ်ချေပြီး မျက်နှာမှာ ကပ်ထား နိုင်ပါတယ်။ သံပုရာရည် တစက် နှစ်စက် (သို့မဟုတ်) နွားနို့နဲ့ ရောပြီး သုံးမယ်ဆိုရင် ပိုပြီး တောက်ပလာစေပါတယ်။ (၅) ခြောက်သွေ့တဲ့ အသားအရေအတွက် အဆီမပါတဲ့ ဒိန်ချဉ်ကို အာလူးနဲ့ ရောပြီး ပေါင်းတင်ပါ။ မိနစ် ၂၀ခန့် ထားပေးပါ။ သင့်အသားအရည်က အစိုဓာတ်ပြည့်ဝလာပါလိမ့်မယ်။ ဒါ့အပြင် ဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက်လည်း အထက်ပါ နည်းတွေအတိုင်း အာလူးကို အသုံးပြုနိုင်ပါတယ်။ The post အသားအရေ အလှအပအတွက် အာလူးရဲ့အသုံးဝင်ပုံ နည်းလမ်း ၅ ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2JZ9eYC
via IFTTT

No comments:

Post a Comment