ငှက်ပျောခွံကို ဒီလိုနည်းလမ်း ၈ မျိုးနဲ့ အသုံးချကြမယ် သင်စားနေတဲ့ငှက်ပျောသီးအခွံဟာ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတာကို သင်သိပါသလား။ နေ့စဉ် လူမှုဘဝရေးရာနဲ့ အလှအပအတွက်လည်း ငှက်ပျောခွံက အလွန်အသုံးဝင်ပါတယ်။ ဒါကြောင့် ငှက်ပျောခွံကို ဘယ်လို နည်းလမ်းတွေနဲ့ အသုံးချနိုင်မလဲ ကြည့် ကြည့်ရအောင်နော်။ (၁) သွားတွေဖြူဝင်းစေတယ်။ ငှက်ပျောခွံနဲ့ သင့်သွားကို တမိနစ်ခန့် ပွတ်တိုက်ကြည့်ပါ။ တပတ်အတွင်းမှာ သင့် သွားတွေ ဖြူဝင်းလာတာ တွေ့ရမှာပါ။ (၂) ကြွက်နို့်ပျောက်တယ်။ ကြွက်နို့ရှိတဲ့နေရာကို ငှက်ပျောခွံနဲ့ ပွတ်တိုက်ကြည့်ပါ။ တညလောက်အနာကို ငှက်ပျောခွံနဲ့ စည်းထားကြည့်ပါ။ (၃) တင်းတိပ်ပျောက်တယ်။ ငှက်ပျောခွံနဲ့ သင့်မျက်နှာကို ၅ မိနစ်ခန့် န်ှိပ်နယ်ပေးပါ။ ဝက်ခြံရှိတဲ့နေရာကိုလည်း ငှက်ပျောခွံနဲ့ ပွတ်လို့ရပါတယ်။ (၄) အရေးအကြောင်းတွေ လျော့နည်းစေတယ်။ သင့်အသားအရေကို ရေဓာတ်ရစေဖို့ ကြက်ဥအနှစ်နဲ့ ငှက်ပျောခွံရောမွှေပါ။ ပြီးနောက် မျက်နှာမှာ ၅ မိနစ်ခန့် ထားပြီး ရေဆေးချပါ။ (၅) နာကျင်မှုလျော့ပါးစေတယ်။ သင်နာကျင်တဲ့နေရာကို ငှက်ပျောခွံနာရီဝက်ခန့်အုပ်ထားပေးပါ။ ဟင်းသီးဟင်းရွက်ဆီနဲ့ ငှက်ပျောခွံက နာကျင်မှုကို လျော့ပါးတဲ့ အစွမ်းရှိပါတယ်။ (၆) အဖုအပိမ့်နဲ့ ယားယံခြင်း ပျောက်ကင်းစေတယ်။ ငှက်ပျောခွံမှာ အစိုဓာတ်ရှိပြီး ယားယံခြင်းတွေကို ပျောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။ ခြင်ကိုက်တဲ့အခါလည်း ငှက်ပျောခွံနဲ့ကုသလို့ရပါတယ်။ (၇) အရောင်တင်မယ်။ ဖိနပ်နဲ့ သားရေထည်တွေကိုလည်း ငှက်ပျောခွံနဲ့ အရောင်တင်လို့ရပါတယ်။ (၈) နေလောင်ဒဏ်ကာကွယ်မယ်။ သင့်မျက်လုံးကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့အတွက် ငှက်ပျောခွံကို အသုံးချနိုင်ပါတယ်။ မျက်စိကို ငှက်ပျောခွံနဲ့မပွတ်ခင် ငှက်ပျောခွံကို နေရောင်အောက်မှာ အရင်ထားပါ။ အဲ့ဒါက သင့်ကို အခြားသော အန္တရာယ် ဖြစ်စေမှာ မဟုတ်ပါဘူး။ The post ငှက်ပျောခွံကို ဒီလိုနည်းလမ်း ၈ မျိုးနဲ့ အသုံးချကြမယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2G30C0S
via IFTTT
No comments:
Post a Comment