Wednesday, May 9, 2018


ကမ္ဘာ့ဈေးအကြီးဆုံး ကောလိပ် ၁၀ ခု ပညာရေးဟာ အဖိုးမဖြတ်နိုင်တဲ့ အရာတခုပါ။ ကမ္ဘာမှာရှိတဲ့ နာမည်ကြီးကောလိပ်တွေက ဈေးဘယ်လောက်ရှိတယ် ဘာတွေသင်ယူနိုင်တယ်ဆိုတာသိရစေဖို့ ဖော်ပြပေးချင်ပါတယ်။ အခုပြောပြပေးမှာကတော့ ကမ္ဘာမှာဈေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ကောလိပ်တွေပဲ ဖြစ်ပါတယ်။ (၁) Parsons School of Design ဗိသုကာ၊ အနုပညာ၊ ဖက်ရှင်၊ ဓာတ်ပုံပညာရပ်တွေသင်ယူလို့ရတဲ့ကျောင်းဖြစ်ပါတယ်။ ကျောင်းဝင်ကြေးက 38510 ဒေါ်လာပေးရပြီး စာအုပ်နဲ့အခြားအထွေထွေစရိတ်အတွက် 42839 ဒေါ်လာကုန်ကျမှာ ဖြစ်ပါတယ်။ (၂) University of Chicago Sociology, Ecology နဲ့ MBA သင်ယူနိုင်မှာဖြစ်ပြီး ကျောင်းစရိတ်က 53292 ဒေါ်လာကုန်ကျပါတယ်။ (၃) Johns Hopkins Social science, Humanities, International Studies, ကျန်းမာရေး၊ အင်ဂျင်နီယာပညာရပ်၊ အနုပညာ စတဲ့ ဘာသာရပ်ပေါင်းများစွားကို သင်ယူုလို့ရပြီး ကုန်ကျစရိတ်က 52170 ဒေါ်လာ ရှိပါတယ်။ (၄) Dartmouth College Dartmouth College က ဆေးပညာနဲ့ စီးပွားရေးပညာအဓိက သင်ယူလို့ရမဲ့ နေရာ ဖြစ်ပါတယ်။ ဌာနပေါင်း ၄၀ ရှိပြီး Arts& Humanities, Social Sciences, Interdisciplinary စတဲ့ ဘာသာရပ်တွေသင်ယူလို့ရပါတယ်။ (၅) Claremont Mckenna Film studies, Classical studies, Psychology, Religious နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေ သင်ယူနိုင်မှာဖြစ်ပြီး အမေရိကက ဈေးအကြီးဆုံးကောလိပ်အခု ၁၀၀ ထဲက တခုအပါအဝင်ဖြစ်ပါတယ်။ (၆) QS World University လန်ဒန်ကနာမည်အကြီးဆုံးကျောင်းထဲမှာအဆင့် ၈ ရှိပြီး အင်ဂျင်နီယာ၊ သိပ္ပံ၊ စီးပွားရေးနဲ့ ဆေးပညာ ဆိုင်ရာ ဘာသာရပ်တွေ အဓိက လေ့လာနိုင်မှာဖြစ်ပါတယ်။ ကျောင်းစရိတ်က ပေါင် ၉၂၅၀ ရှိပါတယ်။ (၇) Federal Swiss Institute of Technology ဇူးရစ်မှာတည်ရှိပြီး သချာၤ သိပ္ပံနဲ့ နည်းပညာတွေအဓိက သင်ယူနိုင်မှာပဲဖြစ်ပါတယ်။ Bachelor ရဖို့အတွက် 48000 ဒေါ်လာကုန်ကျမှာ ဖြစ်ပါတယ်။ ကျောင်းက အရည်အချင်းရှိတဲ့ကျောင်းသားတွေကို နှစ်စဉ်နှစ်တိုင်း ပညာတော် သင်ဆု ပေးအပ်လေ့ ရှိပါတယ်။ (၈) UNSW သြစတေးလျက နာမည်ကြီးကျောင်းတခုဖြစ်ပြီး Bachelor ဘွဲ့ကစပြီး မာစတာဘွဲ့၊ ဒေါက်တာဘွဲ့အထိ ဆက်သွားလု့ိ ရပါတယ်။ သင်ကြားရေးအပြင် သုတေသနပါလုပ်လို့ ရမဲ့ ကျောင်းတခုပဲ ဖြစ်ပါတယ်။ (၉) The University of Buckingham အင်္ဂလန်နိုင်ငံမှာ ရှိပြီး ဥပဒေ၊ ဆေးပညာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ယူနိုင်မှာဖြစ်ပါတယ်။ ကျောင်းစရိတ်က ပေါင် ၁၂၄၄၄ ကနေ ၃၆၀၀၀ အထိ ရှိပါတယ်။ (၁၀) NYU အမေရိကန်နိုင်ငံရဲ့ နာမည်အကြီးဆုံး တက္ကသိုလ်တွေထဲက တခုဖြစ်ပြီး Culture, Human Development စတဲ့ ဘာသာရပ်ပေါင်းမျိုးစုံလေ့လာနိုင်မှာဖြစ်ပါတယ်။ ကဲ ဒါတွေကတော့ ကမ္ဘာ့ဈေးအကြီးဆုံးကောလိပ် ၁၀ ခုပဲဖြစ်ပါတယ်။ The post ကမ္ဘာ့ဈေးအကြီးဆုံး ကောလိပ် ၁၀ ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2wp0RUp
via IFTTT

No comments:

Post a Comment