Wednesday, May 2, 2018

burma.irrawaddy.com

တနာရီ မိုင် ၂၃၀ ထိ မောင်းနှင်နိုင်တဲ့ Porsche 962 ဂန္ထဝင်မော်ဒယ်သစ် လာပြီ ဂျာမနီ အခြေစိုက် မော်တော်ကား ထုတ်လုပ်နေတဲ့ Porsche ကုမ္ပဏီရဲ့ ထုတ်လုပ်မှု ရပ်နားထားတဲ့ ပြိုင်ပွဲဝင် 962 မော်ဒယ်ကို နည်းပညာ အားဖြည့်ပြီး ပြန်လည် ရောင်းချလာတာပါ။ Le Mans ပြိုင်ပွဲတွေမှာ သုံးတဲ့ Porsche ရဲ့ ပြိုင်ကား ပုံစံကို ပုံမှန် လမ်းကြောင်းမှာပါ မောင်းနှင်နိုင်အောင် ဖန်တီး ရောင်းချလာတာလည်း ဖြစ်ပါတယ်။ မော်ဒယ်က Sport တန်းဝင် မော်ဒယ် ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၄ ခုနှစ် အတွင်း 956 နဲ့ 962 အမည်တွေကို သုံးပြီး မော်ဒယ်ကို ၇ နှစ်ပဲ ထုတ်လုပ်ဖူးပါတယ်။ ဒီကြားထဲမှာ ထုတ်လုပ်မှု ရပ်နားထားပြီး အခုမှ တန်ဖိုးမြင့် မော်ဒယ် အဖြစ် ပြန်လည် ထွက်ရှိလာတာပါ။ မော်ဒယ်ရဲ့ အင်ဂျင်က ၃ ဒသမ ၃ လီတာ သုံး Twin-turbocharged စနစ် ပါရှိတဲ့ အင်ဂျင် အလတ်တန်းစား အရွယ်ကိုပဲ တပ်ဆင်ထားတာပါ။ တကယ်တမ်း တန်းတူပြိုင်ဘက် မော်ဒယ်တွေမှာ အခုထက် ပိုမို ကြီးမားတဲ့ အင်ဂျင်တွေ တပ်ဆင်လေ့ ရှိပေမယ့် Porsche ကတော့ အင်ဂျင်သေးသေးနဲ့ စွမ်းအင် ထုတ်လုပ်မှု ကောင်းကောင်း ဖန်တီးနိုင်လို့ မော်ဒယ်က မြင်းကောင်ရေ ၆၀၀ အားထိ ထုတ်လုပ် အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ဒီမော်ဒယ်က တနာရီ အမြန်ဆုံး မိုင် ၂၃၀ ထိအောင် မောင်းနှင်နိုင်လာပါတယ်။ Sport တန်းဝင် မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံး ထိပ်ဆုံး ၁၀ စီး စာရင်းဝင် ဖြစ်လာပြီး Supercar တွေနဲ့တောင် ယှဉ်နိုင်လာတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အမြန်ဆုံး Supercar တွေက တနာရီ ၂၅၅ မိုင် ဝန်းကျင်ပဲ မောင်းနှင်နိုင်တာ ဖြစ်လို့ အခုလို Sport တစီး အနေနဲ့ မိုင် ၂၃၀ မောင်းနှင်လာနိုင်မှုက အားရစရာပါ။ မော်ဒယ်ကို Porsche နဲ့ အတူ နည်းပညာ ကုမဏီတွေ ဖြစ်တဲ့ Schuppan နဲ့ Dauer တို့ကပါ အားဖြည့် ဖန်တီးထားတာပါ။ Scupper ကတော့ အခု မော်ဒယ်ကို ဖန်တီးမှု စရိတ် အားလုံးပေါင်း ဒေါ်လာ ၂ သန်း နီးပါး ကုန်ကျတယ် လို့ ဆိုပြီး မော်ဒယ်ကို Matthew Ivanhoe ကို ရောင်းချထားတယ် လို့ ဆိုပါတယ်။ ဈေးကွက် အတွက် အခုလို 962 မော်ဒယ်ပေါင်း ၆ စီးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး နောက်ထပ် ၅ စီးကို ဝယ်လိုသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို လေ့လာ စိစစ်ပြီးမှ ရောင်းချပေးမှာလည်း ဖြစ်တယ် လို့ ဆိုပါသေးတယ်။ ပြီးတော့ မော်ဒယ် အနေနဲ့ လာမယ့် ၁၀ နှစ် အတွင်း တန်ဖိုးရဲ့ ၂ ဆမက မြင့်တက်သွားဖို့ ရှိနေပြီး အများစုကတော့ သိမ်းဆည်း စုဆောင်းထားမယ့် သဘော ရှိနေတာလည်း ဖြစ်ပါတယ်။ အခု မော်ဒယ်ရဲ့ အရင်က Mercedes ကလည်း CLK-GTR ကို ဒေါ်လာ ၆-၇ သန်း ဝန်းကျင်နဲ့ အထူးထုတ် မော်ဒယ် ရောင်းချဖူးတာ တွေ့ရသလို Porsche ကလည်း အခု မော်ဒယ်မတိုင်ခင် 911 GT1 မော်ဒယ်ကို ဒေါ်လာ ၄-၅သန်း ဝန်းကျင် ဈေးနဲ့ ရောင်းချဖူးတာ တွေ့ရပါတယ်။ ကားစုဆောင်းသူတွေရဲ့ အဆိုအရတော့ အဆိုပါ 911 GT1 နဲ့ CLK-GTR တွေဟာ လက်ရှိမှာ မူရင်း တန်ဖိုးထက် ၁ ဆ မက ဈေးမြင့်တက်သွားပြီ လို့လည်း သုံးသပ်ကြပြီး အခု 962 အနေနဲ့လည်း ၆ စီးပဲ ထွက်ရှိမှာ ဖြစ်လို့ နှစ်ကြာလာတာနဲ့ အမျှ ဈေးတက်လာလိမ့်မယ် လို့ ဆိုနေကြတာပါ။ အခု မော်ဒယ်ကို Lamborghini, Ferrari နဲ့ Bugatti တို့လို Supercar တွေရဲ့ စွမ်းဆောင်ရည်နဲ့ ဈေးကွက်ကို ပြိုင်ဆိုင်ဖို့ ထုတ်လုပ်လာခြင်း မဟုတ်ပဲ ကားစုဆောင်းသူတွေ အတွက် သိမ်းဆည်းထားနိုင်ဖို့နဲ့ အရင် 962 ကို တစီးမှ ရောင်းချထား ဖူးခြင်း မရှိဘဲ ပြိုင်ပွဲမှာပဲ သုံးခဲ့တာ ဖြစ်လို့ ပုံမှန် လမ်းကြောင်းစီး အနေနဲ့လည်း ရနိုင်အောင် ထုတ်လုပ်ခြင်းသာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် Porscheအနေနဲ့တော့ Ferrari ကို အတုယူပြီး လာမယ့် နှစ် ၁၀၀ အတွင်း တန်ဖိုးကြီး Classic ကား စာရင်းမှာ Porsche ရဲ့ မော်ဒယ်တွေ ပါဝင် ရပ်တည်နိုင်အောင် အခု မော်ဒယ်ကို ထုတ်လုပ်လာတာ ဖြစ်နိုင်တယ်လို့ Autocar မဂ္ဂဇင်းရဲ့ သုံးသပ်ချက်မှာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ လက်ရှိ ကမ္ဘာ့တန်ဖိုး အကြီးဆုံး Classic ကား စာရင်းမှာ Porsche မော်ဒယ်တွေရဲ့ ရပ်တည်နိုင်မှုက နိမ့်ပါးနေပြီး Ferrari ရဲ့ မော်ဒယ်တွေကတော့ ထိပ်ဆုံး အဆင့် ၅ အတွင်းမှာတောင် ၃ စီးလောက် ရှိနေတာ ဖြစ်လို့ နောက်ပိုင်းမှာ Ferrari မော်ဒယ်တွေကို ယှဉ်နိုင်အောင် ကောင်းကောင်းနဲ့ အစီးရေ နည်းနည်းပဲ ထုတ်လုပ်လာတာ ဖြစ်နိုင်ပါတယ်။ Ref: www.maxim.com The post တနာရီ မိုင် ၂၃၀ ထိ မောင်းနှင်နိုင်တဲ့ Porsche 962 ဂန္ထဝင်မော်ဒယ်သစ် လာပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2I4yzmO
via IFTTT

No comments:

Post a Comment