Friday, May 4, 2018

burma.irrawaddy.com

အငြင်းပွားဖွယ် လူမည်းအမျိုသမီးပုံစံ မဂ္ဂဇင်းမျက်နှာဖုံးအတွက် မော်ဒယ် Gigi Hadid တောင်းပန် အသစ်ထုတ် Vogue Italia မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်တဲ့ ပုံစံကြောင့် အငြင်းပွားဖွယ် အနေအထားတခုကို မော်ဒယ် Gigi Hadid ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ Gigi က ပြီးခဲ့တဲ့ မေ ၂ ရက်နေ့မှာ အဲဒီမျက်နှာဖုံး ဓါတ်ပုံကို Instagram မှာ ပြသခဲ့ပြီး ပုံထဲမှာဆိုရင် မျက်နှာကိုကာထားတဲ့ အမျိုးသားတယောက်ရဲ့ အကျီအပေါ်မှာ ထိုင်နေပြီးတော့ Queen of Hearts ပုံစံအဝတ်အစားနဲ့အတူ သရဖူနဲ့ပါတွဲဖက် မြင်တွေ့ရပါတယ်။ အဲဒီပုံကို Hadid ရဲ့ Instagram စာမျက်နှာကနေ အလျင်အမြန် ဖယ်ရှားလိုက်ပြီးတဲ့နောက် သူက ပြန်လည် တောင်းပန် ခဲ့ပါတယ်။ Hadid က “ ဒါဟာ ဧပြီ ၃ ရက်နေ့က ကျမရဲ့ Italian Vogue မျက်နှာဖုံး ရိုက်ကွင်းကနေ ပြန်ခဲ့တဲ့ ဓါတ်ပုံ ဖြစ် ပါတယ်၊ အဲဒီနေ့တုန်းက ကျမရဲ့ အခြေအနေကို ရှင်တို့တွေ့မှာပါ၊ ရှုတင်ကို ကျမ ထိန်းချုပ် နိုင်ခဲ့တယ်ဆိုတာကို ကျေးဇူး ပြုပြီး နားလည်ပေးပါ” လို့ဆိုပြီး ပုံကို တင်ခဲ့ပါတယ်။ ဒါပေမယ့်သူက တခြားလူတွေရဲ့ အခွင့်အရေးကို လုယူဖို့နဲ့ စိုးရိမ်မှုတွေကို ဖန်တီးဖို့ မရည်ရွယ်ခဲ့တာဖြစ်လို့ တောင်းပန်ချင်တဲ့အကြောင်းနဲ့ ဒါဟာ အနာဂတ်မှာ တခြားမဂ္ဂဇင်းတွေနဲ့ အဖွဲ့တွေအတွက် ဥပမာတခုဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ Vogue Italia မဂ္ဂဇင်း ကာဗာမွာ တွေ့ရတဲ့ Gigi Hadid ဒါပေမယ့် အဲဒီဓါတ်ပုံကို Hadid ပရိသတ်တွေက တုန့်ပြန်ပြောဆိုမှုတွေ ကျယ်လောင်စွာထွက်ပေါ်ခဲ့ပြီးတော့ အဲဒီ ဓာတ်ပုံထဲက သူ့ရဲ့ အသားအရည်နဲ့ ဆံပင်ပိုမိုနက်မှောင်တဲ့ပုံစံဟာ ပုံမှန်ရှိတဲ့ပုံစံနဲ့ ကွာခြားနေတဲ့ အချက်ကို ထောက်ပြ ခဲ့ကြပါတယ်။ သူရဲ့ ပရိသတ်တယောက်ကဆိုရင် သူ့ကို မမှတ်မိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တခြားပရိသတ်တဦးက “မုန်းတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ပြဿနာဖြစ်တေယ်လို့ တော့ မြင်ပါတယ်” လို့ဆိုပါတယ်။ Vogue Italia မဂ္ဂဇင်းကို ဝေဖန်ခဲ့တဲ့ အခြားပရိသတ်တဦးက “နှစ်ပေါင်းများစွာအတွင်း ခင်ဗျားတို့ရဲ့ အဆိုးရွားဆုံး မျက်နှာဖုံးပါပဲ၊ သူ့(Hadid) ကို ပိုမည်းသွားစေပြီးတော့ သူ့ရဲ့ မျက်နှာအနေအထားကိုလည်း ဆိုးရွားသွားစေပါတယ်၊ အဲဒီအလုပ်ကို လုပ်ဖို့ အသားအရောင်ရှိတဲ့ မော်ဒယ်တယောက်ကို ငှားပါ၊ ပိုပြီးတော့ ကောင်းတဲ့ မျက်နှာဖုံးလိုက်နိုင်မယ့် အရည်အချင်းရှိတဲ့၊ လှပတဲ့မော်ဒယ်တွေ အများကြီးရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ Hadid ရဲ့ မျက်နှာဖုံးကာဗာကို တင်ခဲ့တဲ့ Vogue Italia အပေါ် အလားတူစွပ်စွဲမှုတွေ ခံရတာ ဒါပထမဆုံး အကြိမ်မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်တုန်ူကလည်း အသက် ၂၃ နှစ်အရွယ် မော်ဒယ် Hadid ဟာ အာဖရိကန်ဆံပင်ပုံစံ၊ ပိုမိုနက်မှောင်တဲ့ အသားအရည်နဲ့ ဆင်တူတဲ့ပုံစံနဲ့ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ မှတ်ချက်ပေးသူတချို့ကတော့ မဂ္ဂဇင်းက သူ့ကိုပြင်ပေးတဲ့ ပုံမှန်ကို ထိန်းချုပ်တတ်တဲ့ အရည်အချင်းကို လေ့လာသင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ Ref: etcanada The post အငြင်းပွားဖွယ် လူမည်းအမျိုသမီးပုံစံ မဂ္ဂဇင်းမျက်နှာဖုံးအတွက် မော်ဒယ် Gigi Hadid တောင်းပန် appeared first on ဧရာဝတီ.
Source : https://ift.tt/2HQrmY0
via IFTTT

No comments:

Post a Comment