Monday, May 7, 2018


ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုသူတွေ အကြိုက်တွေ့စေမယ့် “Cast Away On The Moon” ဒီတခါမှာတော့ IMDB rating (8.1) ရရှိထားတဲ့အပြင် Rotten Tomatoes ၉၃ ရာခိုင်နှုန်းနဲ့ Asiawiki rating ၉၃ ရာခိုင်နှုန်းတို့ထိ ရရှိထားတဲ့ ကိုရီးယားဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Hae-jun-Lee ရိုက်ကူးထားပြီး မင်းသား Jae-yeong-Jeong နဲ့ မင်းသမီး Ryeowon Jung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် ကြည့်ရှုပြီးသူတွေလည်း ရှိမှာ ဖြစ်သလို မကြည့်ရှုဖူးသေးတဲ့ ရုပ်ရှင်ချစ်သူတွေအနေနဲ့ကတော့ ကြည့်ဖြစ်အောင် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်မှာလည်းအဆင်မပြေ ၊ အကြွေးတွေကလည်း လည်ပင်းနစ်၊ ချစ်သူကလည်း ထားခဲ့ခြင်းကို ခံရတဲ့ လူမှုကိစ္စ အဝဝမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရသူ လူရွယ်တယောက်ဟာ သူ့ကိုယ်သူ တံတားပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်လိုက်ပါတော့တယ်။ သေနေ့ မစေ့သေးတာကြောင့် သူဟာ ဆိုးလ်မြို့ရဲ့ ဟန်ဖြစ်ပေါ်က ကျွန်းလေး တကျွန်းမှာ သောင်တင်နေပါတော့တယ်။ ဆိုးလ်မြို့ကြီးကို အဝေးကနေလှမ်းမြင်နေရပေမယ့် ကျွန်းဟာ လူသူအရောက်အပေါက်မရှိတာကြောင့် ကူကယ်ရာ မဲ့ခဲ့ရပါတယ်။ သတ်သေဖို့ကြိုးစားခဲ့တာကနေ မအောင်မြင်တဲ့နောက်ပိုင်းမှာတော့ သူဟာ လူသူမရှိတဲ့ ဒီကျွန်းပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ပဲ ကြိုးစားပါတော့တယ်။ ဘာဆိုဘာမှမရှိတဲ့ ကျွန်းပေါ်မှာ အထီးကျန်ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်နေတဲ့ လူတယောက် ဘယ်လိုခက်ခက်ခဲခဲ ရှင်သန်နေထိုင်မလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာပဲ တစ်ကိုယ်တော်နေထိုင်တဲ့ သူ့ကို ဆိုးလ်မြို့ထဲကနေ မှန်ဘီလူးနဲ့ ချောင်းကြည့်နေတတ်တဲ့ ကောင်မလေးတယောက်လည်း ရှိနေပြန်ပါတယ်။ သူမဟာ ၃ နှစ်လောက်ကို အခန်းထဲကမထွက်၊ လူကြားထဲမသွားဘဲ အချိန်တွေကို ကုန်ဆုံးနေတဲ့ အထီးကျန်နေသူ တယောက်ပါ။ သူမစိတ်ထဲမှာတော့ ကျွန်းပေါ်မှာ တယောက်တည်းနေနေတဲ့သူဟာ ဂြိုလ်သားတယောက်ပဲဖြစ်ရမယ်လို့ ထင်မှတ်နေပြီး စာနဲ့ဆက်သွယ်ဖို့ လုပ်ရာကနေ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဒါရိုက်တာက ချိတ်ဆက် ရိုက်ကူးပြသွားတာကို ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Jae-yeong-Jeong ရဲ့ သရုပ်ဆောင်မှုတွေဟာ သရုပ်ဆောင် ကောင်းလွန်းတဲ့အပြင် ဇာတ်ကားတစ်ကားလုံးက ကင်မရာပိုင်းဆိုင်ရာ အယူအဆတွေကလည်း ပြောင်မြောက် လွန်းလှ ပါတယ်။ တောင်ကိုရီးယား ရုပ်ရှင်လောကမှာ ဝင်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်တာကြောင့် အချိန်ပေး ကြည့်ရှုသင့်ပါတယ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ညွှန်းဆိုပေးလိုက်ပါတယ်။ The post ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုသူတွေ အကြိုက်တွေ့စေမယ့် “Cast Away On The Moon” appeared first on ဧရာဝတီ.
Source : https://ift.tt/2rpCjWB
via IFTTT

No comments:

Post a Comment