“Cornerman” ရုပ်ရှင်မှာ မိုက်တိုင်ဆန်ကို လက်ဝှေ့ပညာ လေ့ကျင့်ပေးသူအဖြစ် မင်းသားကြီး Bruce Willis ပါဝင်မည် ဟောလိဝုဒ်မင်းသားကြီး Bruce Willis ဟာ “Cornerstone” ဆိုတဲ့ ရုပ်ရှင်မှာ ဂန္တဝင်လက်ဝှေ့ပညာရပ် လေ့ကျင့် သင်ကြားပေးသူ Constantine “Cus” D’Amato အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၆၃ နှစ်အရွယ် မင်းသားကြီးဟာ ကမ္ဘာကျော်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်ရဲ့ လက်ဝှေ့လေ့ကျင့်ပေးသူ အဖြစ်ပါဝင်မှာဖြစ်ပြီး “Homeland” ဇာတ်လမ်းတွဲထဲက မင်းသား Rupert Friend က ဇာတ်ညွှန်းရေးသား ရိုက်ကူးပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ မင်းသား Friend အတွက် ဒါရိုက်တာတယောက်အနေနဲ့ ပထမဆုံး ပွဲဦးထွက် ရိုက်ကူးမှုလည်း ဖြစ်ပါတယ်။ Hollywood Reporter မီဒီယာရဲ့အဆိုအရ Floyd Patterson နဲ့ Jose Torres တို့လိုမျိုး ကမ္ဘာကျော် လက်ဝှေ့သမားနဲ့ အတူ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံတကာလက်ဝှေ့ Hall of Fame အဖွဲ့ဝင်တဦးဖြစ်တဲ့ D’Amato က လက်ဝှေ့နည်းပြ အလုပ်ကနေ အနားယူခဲ့ပြီးနောက် အသက် ၁၃ နှစ်အရွယ် မိုက်တိုင်ဆန်ကို ဘယ်လိုမျိုး လေ့ကျင့်ပေးခဲ့တယ်ဆိုတာကို ဇာတ်အိမ်တည်ထားတယ်လို့ ဆိုပါတယ်။ အဲဒီရုပ်ရှင်နဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့ မင်းသား Friend က “ပြောရမယ်ဆိုရင် ဒါဟာ အင်မတန် အရည်အချင်း ရှိကြတဲ့ သူနှစ်ယောက်ကြားက နက်နဲတဲ့ ချစ်ခင်ရင်းနှီးမှုအကြောင်း ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဟာ တဦးကို တဦး အကြောက်တရားတွေကို ဝန်ခံရဲတဲ့အထိ သတ္တိရှိခဲ့ကြပြီး တယောက်ရဲ့ ကောင်းမွန်မှုကို အရောင်တောက်ပြောင်လောက် လုပ်ဆောင်ပေးခဲ့ကြပါတယ်၊ ကိုယ်ယုံကြည်ရာအတွက် တိုက်ခိုက်ကြတဲ့ အကြောင်းဇာတ်လမ်းဖြစ်တဲ့အပြင် ခွန်အား ဆိုတာဘာလဲ မေးခွန်းထုတ်နိုင်မယ့် ရုပ်ရှင် တခုလည်း ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ မိုက်တိုင်ဆန်နေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို ကမ္ဘာတဝန်းမှာ ရှာဖွေနေနေတယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။ မင်းသား Friend နဲ့ Circus Florist Films ရုပ်ရှင်ထုတ်လုပ်ရေးမှ Aimee Mullins တို့က MadRiver Pictures ရုပ်ရှင်ထုတ်လုပ်ရေးက Marc Butan နဲ့ Ara Keshishian တို့နဲ့အတူ အဲဒီရုပ်ရှင်ကို ပူးတွဲထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။ Ref: ptinews The post “Cornerman” ရုပ်ရှင်မှာ မိုက်တိုင်ဆန်ကို လက်ဝှေ့ပညာ လေ့ကျင့်ပေးသူအဖြစ် မင်းသားကြီး Bruce Willis ပါဝင်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2HY6GO9
via IFTTT
No comments:
Post a Comment