Thursday, May 10, 2018


Hailey Baldwin နဲ့ သူငယ်ချင်းတွေသာ ဖြစ်ကြောင်း ထုတ်ပြောလိုက်တဲ့ အဆိုတော် Shawn Mendes ကနေဒါအဆိုတော် Shawn Mendes က အမေရိကန်မော်ဒယ် Hailey Baldwin နဲ့ ချစ်သူတွေ ဖြစ်တယ် ဆိုတဲ့ ကောလာဟလတွေကို ဖယ်ရှားပြောဆိုခဲ့ပါတယ်။ “Stitches” သီချင်းအဆိုတော် Shawn က Met Gala 2018 ပွဲမှာ လှပတဲ့ မော်ဒယ် Hailey အတူ လက်ချင်းချိတ် ပွဲတက်ခဲ့တာနဲ့ ပတ်သက်လို့ W Magazine မဂ္ဂဇင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ သူက “ကျနော်တို့က တကယ့်ကိုပဲ သူငယ်ချင်း ကောင်းတွေပါ” လို့ ပြောကြားခဲ့ ပါတယ်။ Shawn က ဆက်ပြီး “အရမ်းရယ်ရပါတယ်၊ သူဟာ ဒီလိုပုံစံမျိုးနဲ့ ပရိုတယောက် ဖြစ်ပါတယ်၊ သူ့ကို လေးစားချင်ပါတယ်၊ ဒါကြောင့် သူဘေးနားမှာ ရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကျနော် နေတတ်အောင် နေခဲ့ရပါတယ်၊ သူနဲ့လမ်းအတူ တွဲလျှောက်ရတာ ကျနော် ပျော်ပါတယ်။ သူဟာ တကယ့်ကိုပဲ အံ့မခန်းပါပဲ” လို့ ဆိုထားပါတယ်။ အသက် ၁၉ နှစ်ရွယ် Mendes နဲ့ အသက် ၂၁ နှစ်အရွယ် Baldwin တို့ဟာ တွဲနေကြပြီဆိုတဲ့ အချစ်ရေး ကောလာဟလ သတင်းတွေ ထွက်ခဲ့ပေမယ့် Met Gala ပွဲမှာ နှစ်ဦးသား လမ်းအတူ တွဲလျှောက်ခဲ့တာဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို အတည်ပြုလိုက်တာဖြစ်တယ်လို့ ပရိသတ်အချို့ကတော့ ယူဆနေကြပါတယ်။ မော်ဒယ် Baldwin ကတော့ အရင်တုန်းက ကနေဒါအဆိုတော် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် လူငယ်လေး Mandes အပေါ် မျက်စိကျနေခဲ့ပုံရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ပြီး အခုဖျက်လိုက်ပြီးဖြစ်တဲ့ Twitter က ပို့စ်တခုမှာဆိုရင် Baldwin က “ ဟေး Shawn Mendes ရေ၊ တွဲကြရအောင်၊ အဲဒါကြောင့် တနေ့လုံး ငါ့အတွက် မင်းက သီချင်းဆိုပြနိုင်တယ်လေ” လို့ ရေးသားခဲ့ဖူး ပါတယ်။ ဒါပေမယ့် Baldwin က ဒါဟာ နောက်ပြောင်လိုက်တာသာဖြစ်ပြီး တကယ်မဟုတ်ဘူးလို့ Pop Crave မီဒီယာကို ပြောဆိုခဲ့ဖူးပါတယ်။ Ref : etcanada The post Hailey Baldwin နဲ့ သူငယ်ချင်းတွေသာ ဖြစ်ကြောင်း ထုတ်ပြောလိုက်တဲ့ အဆိုတော် Shawn Mendes appeared first on ဧရာဝတီ.
Source : https://ift.tt/2G4jBrI
via IFTTT

No comments:

Post a Comment