“Rambo 5” ရုပ်ရှင်မှာ ရမ်ဘိုအဖြစ် ပြန်လည်မြင်တွေ့ရဦးမယ့် မင်းသားကြီး Sylvester Stallone မင်းသားကြီး Sylvester Stallone (ဆေဗာစတာ စတားလုံး) ကတော့ ပဉ္စမမြောက် Rambo ရုပ်ရှင်မှာ ဂျွန်ရမ်ဘိုအဖြစ် ပြန်လည်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ “Creed” ရုပ်ရှင်မင်းသားကြီးဟာ ၁၉၈၂ ခုနှစ်ရဲ့ “First Blood”ရုပ်ရှင်မှာ ဗီယက်နမ်စစ်ပြန်တဦးအဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ပြီး အခုနောက်ဆုံး စွန့်စားခန်း ရုပ်ရှင်မှာတော့ မက္ကဆီကို ရာဇဝတ်သား သူဌေးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူ Avi Lerner နဲ့ သူ့ရဲ့ Millennium ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီပါတနာတွေဟာ မေ ၇ ရက်၊ ပြင်သစ်နိုင်ငံမှာ စတင်မယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အခုရုပ်ရှင်ကို မိတ်ဆက်မှာလည်း ဖြစ်ပါတယ်။ ထုတ်လုပ်ရေးမှူး Lerner က ရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားပေမယ့် မင်းသားကြီး စတားလုံးနဲ့အတူ ပူးတွဲထုတ်လုပ်မှာ ဖြစ်ပေမယ့် ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Rambo” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဝါရင့် မင်းသားကြီးကတော့ အခုရုပ်ရှင်ကို သူရိုက်ကူးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ အခုရုပ်ရှင်ကို လာမယ့် စက်တင်ဘာလမှာ စတင်ရိုက်ကူးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း Deadline မီဒီယာက ဆိုပါတယ်။ “Rambo 5” ရဲ့ ဇာတ်အိမ်ကတော့ ရုပ်ရှင်ထဲမှာ ပါဝင်မယ့် ဇာတ်ကောင်တယောက်ရဲ့ သူငယ်ချင်း တဦးရဲ့ သမီးက မက္ကဆီကိုနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်တဲ့ အကြောင်းအပေါ်မှာ တည်ဆောက်ထားပါတယ်။ ရမ်ဘိုဟာ အဲဒီမိန်းကလေးကို ပြန်ရှာဖို့နဲ့ အိမ်ကို ဘေးကင်းလုံခြုံစွာ ပြန်လည်ခေါ်ဆောင်လာနိုင်ဖို့ ဆိုးသွမ်းတဲ့ မှောင်ခိုဂိုဏ်း ခေါင်းဆောင်တွေနဲ့ တိုက်ခိုက်ဖို့အတွက် အမေရိကန်-မက္ကဆီကို နယ်စပ်ကို ဖြတ်ကျော်ခဲ့ပုံကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Stephen Caple Jr. နဲ့ အတူ “Creed” နောက်ဆက်တွဲ ရုပ်ရှင်ကို ဖန်တီးနေတဲ့ မင်းသားကြီး စတားလုံးက ပဉ္စမြောက်ရုပ်ရှင်မှာ ရမ်ဘိုအဖြစ် ပြန်လည်ပါဝင်လာဖို့ ထည့်သွင်း စဉ်းစားခံခဲ့ရခြင်း မရှိတဲ့အပြင် ထုတ်လုပ်သူ Lerner ကတော့ မင်းသားကြီး မပါဘဲ နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ Millennium ကုမ္ပဏီ ပိုင်ရှင်တွေကတော့ “The Iceman” ရုပ်ရှင် ဒါရိုက်တာ Ariel Vromen ကို ရိုက်ကူးစေမယ့် “Rambo: New Blood” ရုပ်ရှင်မှာ သရုပ်ဆောင်စေဖို့ အသက်ငယ်တဲ့ မင်းသားတဦးကို ရှာဖွေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တဲ့အကြောင်း The Hollywood Reporter မီဒီယာကဆိုပါတယ်။ အဲဒီနောက် အဲဒီရုပ်ရှင် ဘယ်လိုဖြစ်သွားလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ဆိုပါတယ်။ ဂျွန်ရမ်ဘိုဆိုတဲ့ ဇာတ်ကောင်ကို စာရေးဆရာ David Morrell က ဖန်တီးခဲ့တာဖြစ်ပါတယ်။ “First Blood” နဲ့ ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ ရမ်ဘိုရုပ်ရှင်တို့နဲ့အတူ ၁၉၈၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ “Rambo: First Blood Part II” နဲ့ ၁၉၈၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ “Rambo III” တို့မှာ မင်းသားကြီး စတားလုံးက ရမ်ဘိုအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Ref; aceshowbiz The post “Rambo 5” ရုပ်ရှင်မှာ ရမ်ဘိုအဖြစ် ပြန်လည်မြင်တွေ့ရဦးမယ့် မင်းသားကြီး Sylvester Stallone appeared first on ဧရာဝတီ.
Source : https://ift.tt/2HZP3cD
via IFTTT
No comments:
Post a Comment