Monday, May 7, 2018


ဆေးရုံတက်နေရတဲ့ ပရိသတ် မိန်းကလေးထံ Surprise သွားရောက် တွေ့ဆုံခဲ့တဲ့ အဆိုတော် Taylor Swift ကမ္ဘာကျော်အဆိုတော် Taylor Swift ဟာ ဆေးရုံတက်နေရလို့ သူ့ရဲ့ ဖျော်ဖြေပွဲတခုကို တက်ရောက်နိုင်ခဲ့ခြင်း မရှိတဲ့ အသက် ၈ နှစ်အရွယ်၊ မိန်းကလေး ပရိသတ်တဦးထံ အံ့သြသင့်ဖွယ် (Surprise) သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ Isabella McCune ဆိုတဲ့ မိန်းကလေးဟာ မေလ ၈ ရက်နေ့၊ အရီဇိုးနားပြည်နယ်မှာ ပြုလုပ်မယ့် အဆိုတော် Swift ရဲ့ “Reputation” နယ်လှည့်ဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှုဖို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတခုမှာ မီးလောင်ဒဏ်ရာခံစားခဲ့ရတဲ့အတွက် အဲဒီမိန်းကလေးဟာ ဒဏ်ရာတွေကြောင့် ဖျော်ဖြေပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ယခုလ အစောပိုင်းမှာ အဲဒီမိန်းကလေးဟာ အဆိုတော် Swift ထံကို ဗီဒီယိုတခု ပေးပို့ခဲ့ပြီးတော့ အခုလိုမျိုး ရရှိထားတဲ့ ဒဏ်ရာတွေကို ကုသခံတဲ့နေရာမှာ အကူအညီတွေ ဖြစ်စေခဲ့တဲ့အတွက် ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။ Glendale မြို့မှာရှိတဲ့ University of Phoenix Stadium မှာ နယ်လှည့်ဖျော်ဖြေပွဲကို မပြုလုပ်ခင် Phoenix မြို့မှာရှိတဲ့ Arizona Burn Center ကိုလာရောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီမိန်းကလေးက “ရှင် (Taylor Swift) ဒီကိုရောက်လိမ့်မယ်လို့ ကျမကြားထားတယ်၊ ကျမဆီကို လာလည်စေချင်တယ်၊ ဒါပေမယ့် လာတွေ့ချင်မှလည်း လာတွေ့နိုင်မှာ၊ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်” လို့ ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။ စီစဉ်ထားတဲ့အတိုင်း ဖျော်ဖြေပွဲကို မပြုလုပ်မီ ရက်အနည်းငယ်အလိုမှာ အသက် ၂၈ နှစ်အရွယ် အဆိုတော် Taylor Swift ဟာ ပွဲအတွက် ကြိုတင်လေ့ကျင့်နေမှုကနေ ခဏနားပြီးတော့ သူ့ရဲ့ ပရိသတ်ကို အံ့သြသင့်စေဖို့ ဆေးရုံကို ရောက်လာ ခဲ့ပါတယ်။ Isabella ၊ သူ့မိဘတွေနဲ့ အစ်ကိုဖြစ်သူ Zachary တို့နဲ့အတူ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ပြီးတော့ သူ့နယ်လှည့်ပွဲမှာ ရောင်းချမယ့် အိတ် တလုံးကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့ပါသေးတယ်။ Isabella ဟာ မတ် ၁၁ ရက် St. Patrick’s Day မှာ ဖြစ်ပွားခဲ့တဲ့ မီးဗုံးပေါက်ကွဲမှုမှာ အပြင်းအထန် မီးလောက်ဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင်နှုန်းရှိတဲ့ အရေပြားတွေကို အစားထိုးတာ အပါအဝင် ခွဲစိတ်မှု ၁၁ ကြိမ် လုပ်ဆောင်ခဲ့ရပါတယ်။ အဆိုတော် Swift ဟာ ဆေးရုံကို သူ့မိဘတွေကိုပါ ခေါ်လာပြီး နောင်တချိန် Isabella ပြန်သက်သာ လာတဲ့အခါ သူ့ရဲ့ ဖျော်ဖြေပွဲတွေကို လာကြည့်ဖို့လည်း ဖိတ်ကြားခဲ့ပါသေးတယ်။ ဆေးရုံတက်နေရတဲ့ ပရိသတ် မိန်းကလေးဆီ Surprise သွားရောက် တွေ့ဆုံခဲ့တဲ့ အဆိုတော် Taylor Swift ဗီဒီယိုဖိုင် Ref: aceshowbiz The post ဆေးရုံတက်နေရတဲ့ ပရိသတ် မိန်းကလေးထံ Surprise သွားရောက် တွေ့ဆုံခဲ့တဲ့ အဆိုတော် Taylor Swift appeared first on ဧရာဝတီ.
Source : https://ift.tt/2roAxUI
via IFTTT

No comments:

Post a Comment