ဆီဘောက်ဆာယာဉ်ဖြင့် တရားမဝင်ကျွန်းသစ် သယ်ဆောင်လာသူများကိုစစ်ဆေးရာမှ ရဲတပ်ဖွဲ့၀င်များကို ဓါးဖြင့်ပြန်လည်ခုခံ (ရုပ်သံ) သာယာဝတီမြို့မရဲစခန်းမှ တာဝန်ရှိသူတွေဟာ အောက်တိုဘာလ ၃ ရက်နေ့ညနေပိုင်းက တရားမဝင် ကျွန်းသစ်တွေ သယ်ဆောင်လာတယ် ဆိုတဲ့ သတင်းအရ ရန်ကုန်-ပြည် ကားလမ်းရှိ မက်စ် မြန််မာတိုးဂိတ်မှာ သွားရောက်် စစ်ဆေးခဲ့ပါတယ်။
Source : http://ift.tt/2dIyMOM
via IFTTT
Wednesday, October 5, 2016
Tuesday, October 4, 2016
ဆွဲဆောင်မှု အရှိဆုံး ဘောလုံး ဒိုင်လူကြီး ရုရှားနိုင်ငံရဲ့ အပျော်တမ်း လိဂ်ပြိုင်ပွဲတွေမှာ တာဝန်ယူနေတဲ့ ဒိုင်လူကြီး ကော့စ်ဂျူနီနာဟာ ဆွဲဆောင်မှု အရှိဆုံး ဘောလုံး ဒိုင်လူကြီး တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီး ကွင်းလယ်ဒိုင်ဟာ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့တဲ့ သူမရဲ့ ဓာတ်ပုံတွေကြောင့် တစ်စထက်တစ်စ လူသိ များလာခဲ့တာပါ။ အင်စတာဂရမ် ပရိသတ် ၆၀၀၀ နီးပါး ရှိပြီဖြစ်တဲ့ ကော့စ်ဂျူနီနာက ရုရှား ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်တဲ့ ကလေးငယ်တွေအတွက် သင်တန်းတွေမှာ မကြာခဏ ပါဝင်လေ့ရှိသူပါ။ ကော့စ်ဂျူနီယာက သူမဟာ တက္ကသိုလ်ကျောင်းသူ တစ်ယောက်၊ ဘောလုံးသမား တစ်ယောက်လည်း ဖြစ်သလို အောင်မြင်တဲ့ ဒိုင်လူကြီး တစ်ဦးလည်း ဖြစ်ရမယ်လို့ သူမရဲ့ အင်စတာဂရမ် အကောင့်မှာ ရေးသားသွားခဲ့ပါတယ်။ Ref : Goal.com
Source : https://goo.gl/rDkWfS
via IFTTT
Source : https://goo.gl/rDkWfS
via IFTTT
Eleven Broadcasting
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၈၅ ဘီလျံကျော်ကို အိမ်ရာတည်ဆောက်ခြင်း၊ ခရီးသည်တင် မော်တော်ယာဉ်များအတွက် အဓိကထားသုံးသွားမည် (ရုပ်သံ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရရှိတဲ့ ခွင့်ပြုငွေ ကျပ် ၁၈၅ ဘီလျံကျော်ကို အိမ်ရာတည်ဆောက်ခြင်း၊ ခရီးသည်တင် မော်တော်ယာဉ်လုပ်ငန်းတွေအတွက် အဓိကထား သုံးစွဲသွားမယ်လို့ သိရပါတယ်။
Source : http://ift.tt/2dr4nRM
via IFTTT
Source : http://ift.tt/2dr4nRM
via IFTTT
ANP မှ ထုတ်ပယ် ခံထားရသူများ ဦးဆောင်၍ သီးခြား လူထု အခြေပြု ညီလာခံ ကျင်းပမည် ရန်ကုန်၊ အောက်တိုဘာ ၃ ရခိုင်အမျိုးသားပါတီ (ANP) မှ ထုတ်ပယ် ခံထားရသူများ ဦးဆောင်ကာ သီးခြား နိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်နိုင်ရန် လူထု အခြေပြု ညီလာခံ တစ်ရပ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ထံမှ သိရသည်။ ANP မှ ထုတ်ပယ် ခံထားရသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (CEC) ခြောက်ဦး အပါအဝင်၊ ANP ပါတီတွင်းရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အလုပ် အမှုဆောင်များ၊ ရခိုင်ပြည်နယ်တွင်းရှိ ALD ပါတီဝင်များ စုပေါင်းကာ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် လူထု အခြေပြု ညီလာခံ တစ်ရပ်ကို ကျောက်တော်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ၏ CEC ဦးမျိုးကျော်က ပြောသည်။ ရခိုင်အမျိုးသားပါတီ (ANP) သည် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ANP) နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ကို ၂ဝ၁၄ ခုနှစ်တွင် ပေါင်းစည်းထားခြင်း ဖြစ်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်၌ အပြတ်အသတ် အနိုင်ရထားသည့် ပါတီ တစ်ခုဖြစ်သည်။ လက်ရှိ အခြေအနေအရ ANP ပါတီတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) ၃၉ ဦး ရှိရာ ALD ဘက်ခြမ်းမှ CEC ခြောက်ဦးမှာလည်း ပါတီမှ အထုတ်ခံခဲ့ရပြီး ပါတီတွင်း ခေါင်းဆောင်မှု အလွဲအမှားများ ရှိနေကြောင်း ဦးမျိုးကျော်က ပြောသည်။ “လက်ရှိ အခြေအနေတွေမှာ ကျွန်တော်တို့ အနေနဲ့က ပါတီတွင်း အခက်အခဲတွေကို အတတ်နိုင်ဆုံး တင်ပြခဲ့တယ်၊ ဒါတွေကို ပြုပြင်ဖို့ ပြောခဲ့ပေမယ့် သူတို့ဘက်က ဘာမှ တုံ့ပြန် အကြောင်း ပြန်ကြားတာမျိုး မရှိခဲ့ဘူး၊ ဒါကြောင့် ALD ပါတီ ရဲ့ CEC အစည်းအဝေးကို ရန်ကုန်မှာ ခေါ်ယူပြီး ညီလာခံ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တို့မှ အဖွဲ့ဟောင်းများ၊ ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတို့ရှိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၏ အဖွဲ့ဝင်ဟောင်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အခြား အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပါဝင်မည့် ညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါ ညီလာခံသည် လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး အခြေအနေများကို ပြန်လည် သုံးသပ်ရန်၊ ပါတီတွင်း ကိစ္စရပ်များ၊ ပြည်နယ်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေး ကြမည်ဖြစ်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ထံမှ သိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ လက်ရှိ နိုင်ငံရေး အခြေအနေများပေါ် မူတည်၍ ပါတီသစ် တစ်ရပ်အဖြစ် ရပ်တည်ရန်မှာ နောက်ပိုင်း ညီလာခံနှင့် ပါတီတွင်း အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ်တွင် မူတည်ကြောင်း ဦးမျိုးကျော်က ပြောသည်။ ရခိုင် အမျိုးသားပါတီ (Arakan National Party-ANP) သည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ ပေါင်းစည်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁၄ ခုနှစ် မတ်လ ၆ ရက် ရက်စွဲဖြင့် တရားဝင် မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ ANP ပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲ၌ ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် နေရာပေါင်း ၄၇ နေရာအနက် ၂၃ နေရာ အနိုင်ရထားပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့၌ ၂၂ နေရာ ရွေးချယ် ခံထားရကာ ရခိုင်ပြည်နယ်၌ အင်အား အကြီးဆုံး ရခိုင်နိုင်ငံရေးပါတီ ဖြစ်သည်။
Source : https://goo.gl/TLbM6B
via IFTTT
Source : https://goo.gl/TLbM6B
via IFTTT
Monday, October 3, 2016
အသံချဲ့စက် ဖွင့်လိုသူများ ခွင့်ပြုချက်ယူရမည်
ရပ်ကွက်နှင့် ကျေးရွာများအတွင်း အသံချဲ့စက် ဖွင့်လိုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး လိုက်နာခြင်း မရှိပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ပြစ်ဒဏ်များ ခံရမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး ဇော်၀င်းအောင်က ဧရာ၀တီသို့ ပြောသည်။ ရဲမှူးကြီး ဇော်၀င်းအောင်က “သာမာန် ဆောင်းဘောက်လောက်နဲ့ ဖွင့်တာကတော့ အများပြည်သူကို မထိခိုက်ဘူးဆိုရင် ရ တယ်။ ပတ်၀န်းကျင်ကို ထိခိုက်ပြီး အသံကျယ်တဲ့ ဟာမျိုးကတော့ ခွင့်ပြုချက် ပါမစ် လိုပါတယ်။ အသံချဲ့စက် ဖွင့်မယ်ဆိုရင် ခွင့်ပြုချက် လိုပါတယ်။ ကိုယ့်ဘာသာ အကျယ်ကြီး ဖွင့်ချင်တိုင်း ဖွင့်လို့ မရပါဘူး။ မလိုက်နာရင် ဥပဒေအရ ပြစ်ဒဏ်တွေ လည်း ရှိပါတယ်”ဟုလည်း ပြောဆိုသည်။ ဆက်လက်ဖတ်ရှုရန်
Source : https://goo.gl/AGtSIQ
via IFTTT
Source : https://goo.gl/AGtSIQ
via IFTTT
Saturday, October 1, 2016
7Day News Journal
အောင်မင်္ဂလာအဝေး ပြေးဝင်းမှ ထွက်လာသည့် အမှတ် (၁၂၁) ခရီးသည်တင်ယာဥ်လိုင်း မှ ယာဥ်နောက်လိုက်နှင့် ခရီးသည်တစ်ဦးတို့ ယာဥ်စီးခ ကျပ် ၃ဝဝ တောင်းသည့်ကိစ္စဖြင့် စကားများပြီး ခရီးသည်က ကားပေါ်မှဆင်းကာ လမ်းတွင်ကြိုစောင့်၍ ယာဥ်နှင့် ယာဥ်နောက်လိုက်တို့ကို သံတုတ်ဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။ အောင်မင်္ဂလာအဝေးပြေးမှ စတင်ထွက်ခွာသည့် ယာဥ်မောင်းဦးစိုးမိုးအောင် မောင်းနှင်လာသည့် အမှတ်(၁၂၁) ခရီးသည်တင်ဒိုင်နာယာဥ်ပေါ်တွင် လိုက်ပါလာသည့် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဥ်နောက်လိုက် ဇင်မင်းအောင်တို့ ယာဥ်စီးခ ၃ဝဝ ကျပ် ကောက်ခံသည့်ကိစ္စဖြင့် စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် စကားများရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ သိရသည်။ ‘‘သူက အောင်မင်္ဂလာအဝေး ပြေးကနေ ရဲဘော်ဟောင်းမှတ် တိုင်အထိသွားမှာ။ ယာဥ်စီးခက ပုံမှန် ၃ဝဝ ပဲ။ ပိုတောင်းတာ တော့ မဟုတ်ဘူး။ အဲဒါကို ၃ဝဝ တောင်းလို့ မကျေနပ်တာပေါ့။ ယာဥ်စီးခမပေးတော့ဘဲ တက္ကစီနဲ့သွားပြီး ရဲဘော်ဟောင်းမှတ် တိုင်မှာ ကြိုစောင့်ပြီး ရိုက်တာပေါ့’’ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။ သုဓမ္မာလမ်းပေါ်ရှိ ဓမ္မာရုံမှတ်တိုင်တွင် ခရီးသည် အမျိုးသားက ဆင်းသွားခဲ့ပြီး အငှားယာဥ်ဖြင့် ထွက်သွားသည်ကို တွေ့ရှိခဲ့ကြောင်း မရမ်းကုန်းရဲစခန်းတွင် တိုင်ကြားချက်အရ သိရ သည်။ ထို့နောက် ခရီးသည်တင် ယာဥ်မှာ ဆက်လက်မောင်းနှင် လာပြီး မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင်သို့ အရောက် တွင် ကားပေါ်မှ ဆင်းသွားသည့် ခရီးသည် အောင်သူရကျော်က သံတုတ်ဖြင့် စောင့်ဆိုင်းကာ ယာဥ်၏ နောက်ကြည့်မှန်ကို စ တင် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ဆိုသည်။ ယာဥ်နောက်ကြည့်မှန်အား ရိုက်နှက်ခဲ့ပြီးနောက် အသက် (၁၈)နှစ်အရွယ် ယာဥ်နောက် လိုက် ဇင်မင်းအောင်ကို သံတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ယာဥ် နောက်လိုက်၏ လည်ပင်းယာ ဘက်၊ ယာနံဘေး၊ ယာလက်ဖျံ တို့တွင် ဖူးရောင်ဒဏ်ရာများရရှိ သောကြောင့် အင်းစိန်ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တင်ပို့ ကုသထားရကြောင်း ၎င်းကဆို သည်။ ရိုက်နှက်ခဲ့သည့် အမျိုးသားကို မရမ်းကုန်းမြို့မရဲစခန်းက တုံး သောလက်နက်ဖြင့် အပြင်းအ ထန်နာကျင်စေမှုပုဒ်မ ၃၂၅၊ ဆဲဆိုမှုပုဒ်မ ၂၉၄ အပြင် အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
Source : http://ift.tt/2dkBS8f
via IFTTT
Source : http://ift.tt/2dkBS8f
via IFTTT
7Day TV
ဘယ်ရုံမှာဘာကားပြ အောက်တိုဘာ - ၁၊ ၂၀၁၆ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများမှာ ပြသနေတဲ့ ရုပ်ရှင်ကားတွေကို ကားသစ်လဲချိန်တိုင်းမှာ ဇာတ်ကားနမူနာများနဲ့အတူ အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် အောက်တိုဘာ ၁ ရက်ကနေ ၆ ရက်နေ့အထိ ပြသနေမယ့် ဇာတ်ကားတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။ (7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Source : http://ift.tt/2cI9QAT
via IFTTT
Source : http://ift.tt/2cI9QAT
via IFTTT
Subscribe to:
Posts (Atom)