မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ်တွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ တစ်လသားအရွယ် သားကို ဖခင်ဖြစ်သူက ခြေထောက်နှစ်ချောင်း ကိုင်ကာ ကြမ်းပြင်နှင့် ရိုက်သတ်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ် (၁၅) တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် နေလင်းထက် (ခ) ဖိုးဖြူသည် ဧပြီလ ၂၁ ရက် ညနေပိုင်းက ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်ရာမှ အသက် တစ်လသားအရွယ် သားကို ခြေထောက်နှစ်ချောင်း ကိုင်ကာ ကြမ်းပြင်နှင့် ရိုက်သတ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ “သူ့မိန်းမက ကလေးမထိန်းပဲ ဖုန်းသုံးနေလို့ဆိုပြီး စကားများတာ၊ ကလေးနဲ့ မဆိုင်ဘူးလို့ ပြောပြီး ကလေးကို ပြန်လုခဲ့ပေမယ့် အချိန်မမီတော့ဘူး၊ အဲဒါကြောင့် ကလေးမိခင်ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့တာပါ၊ ပြစ်မှုကျူးလွန်သူကို ချက်ချင်းပဲ ဖမ်းဆီးပြီး အရေးယူထားပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖခင်၏ ရိုက်နှက်ခံရမှုကြောင့် အသက် တစ်လအရွယ် အသောကမှာ ဘယ်နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ဘယ်မျက်လုံး ညိုမည်းဒဏ်ရာ၊ ဘယ်ပေါင်ရင်း ညိုမည်းဖူးရောင်ဒဏ်ရာ၊ ခါးဆစ်ရိုးကျိုး ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကာ ပြစ်မှုကျူးလွန်သူကို ရွှေပေါက်ကံမြို့ နယ်မြေရဲစခန်းက (ပ) ၁၈၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Source : https://goo.gl/5HfZD9
via IFTTT
Sunday, April 23, 2017
Monday, April 10, 2017
Myanmar Fire Services Department
၁၀.၄.၂၀၁၇ ရက်နေ့၊ ၁၁း၁၂ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၃-၅၄လမ်း နှင့် ၄၀-၄၂ လမ်းကြား မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၁း၁၅ အချိန် မီးထိန်း၊ ၁၁း၂၀ အချိန် မီးငြိမ်းပါသည်။
Source : http://ift.tt/2nZ6SP3
via IFTTT
Source : http://ift.tt/2nZ6SP3
via IFTTT
Sunday, April 9, 2017
Myanmar Fire Services Department
၉.၄.၂၀၁၇ ရက်နေ့၊ ၂၁း၃၅ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၃၊ အောင်ထွန်းကျော်ပဲစက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။ Update ၂၁း၄၃ အချိန် level3 ယာဉ်အုပ်စုများ ထွက်ခွာပါသည်။
Source : http://ift.tt/2of7y5x
via IFTTT
Source : http://ift.tt/2of7y5x
via IFTTT
Saturday, April 8, 2017
Lwin Pyin
သဘာဝဓာတ်ငွေ့သိုက် ပတ္တမြားစီမံကိန်းရဲ့ လုပ်ငန်းများဆောင်ရွက်မှာဖြစ်တာကြောင်း လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မယ်လို့ ဆိုပါတယ်။ သဘာဝဓာတ်ငွေ့သိုက် ရတနာစီမံကိန်း ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ပတ္တမြားစီမံကိန်း ရဲ့ LCP:_low Compression Platform လုပ်ငန်း များထဲမှ Train လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့မှာ ဧပြီ ၁၂ ရက်မှစပြီး စုစုပေါင်း ၉ ရက်ကြာ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြတ်တောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မှာ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ၊ ဧပြီ ၂၉ ရက်နဲ့ ၃ဝ ရက်၊ မေလ ၂ဝ ရက်နဲ့ ၂၁ ရက်တို့မှာ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြတ်တောက်သွားမှာဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြောင်း ဆင်ဟွာမြန်မာပိုင်း သတင်းက ဖော်ပြထားပါတယ်။ ပတ္တမြားစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းသွားမှုကို ပတ္တမြားစီမံကိန်း က ဖြည့်ဆည်းပေးသွားနိုင်မယ်လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ စီမံကိန်းများနဲ့ ပတ်သက်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က “လက်ရှိမှာ ရတနာစီမံကိန်းက တစ်ရက်ကို ကုဗပေ သန်းပေါင်း ၈၈ဝ (880 Mcfd ) ထွက်ရှိနေပြီး ပြည်ပအတွက် 650 Mcfd နဲ့ ပြည်တွင်းသုံးအတွက် 230 Mcfd ထုတ်လုပ်နေတာပါ၊ ၂ဝ၁၈ က စပြီး ထုတ်လုပ်နိုင်မှုက တဖြည်းဖြည်း လျော့ကျ သွားမှာကြောင့် အဲဒီလျော့ကျမှုကို ဖြည့်နိုင်ဖို့ပတ္တမြား စီမံကိန်းကို ဆောင်ရွက်နေတာပါ” လို့ ပြောကြားကြောင်း ဆင်ဟွာမြန်မာ သတင်းမှာ ဖော်ပြပါတယ်။ ပတ္တမြား စီမံကိန်းသည် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ TOTAL E & P Myanmar Co., Ltd. တို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ရတနာ စီမံကိန်းရဲ့ M-5, M-6 အတွင်းရှိ သီးခြား သဘာဝဓာတ်ငွေ့သိုက်တစ်ခု ဖြစ်ပြီး ရတနာ စီမံကိန်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ တည်ဆောက်ရေးကာလ သုံးနှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တည်ဆောက်မှုလုပ်ငန်းများ ၉၅ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာာ အဆိုပါ စီမံကိန်း ပြီးစီးပါက ရတနာစီမံကိန်းရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျလာခြင်းကို ပြည့်မီအောင် ၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၂၁ -၂ဝ၂၂ ခုနှစ်ခန့်အထိ ဖြည့်ဆည်းပေးနိုင်မယ်လို့ သိရပါတယ်။ Credit : XinnuaMyanmar
Source : http://ift.tt/2o7Y3TH
via IFTTT
Source : http://ift.tt/2o7Y3TH
via IFTTT
Thursday, April 6, 2017
The Irrawaddy - Burmese Edition
AMDP ပါတီ အရင်လို လူထု ထောက်ခံမှု ရနိုင်ပါဦးမလား (ရုပ်/သံ) ဧရာ၀တီ ၊ ဧပြီ ၆ ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ နေ့ ဧပြီလ (၁) ရက်နေ့မှာပဲ AMDP ပါတီဝင် (၂၀၀) နုတ်ထွက် ခဲ့ကြတယ်ဆိုတဲ့ သောင်ပြင်ရွာမှ ပါတီပုံရိပ် မကျဆင်းသွားအောင် ပါတီခေါင်းဆောင်တွေက ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း မွန်နိုင်ငံရေး ပါတီတွေ ညီညွတ်မှာကိုသာ လိုလားတဲ့ ရွာခံတွေကတော့ ထောက်ခံလိုစိတ် မရှိကြတော့ဘူးလို့ ဆိုပါတယ်။ AMDP ပါတီဟာ အရင်လို လူထုထောက်ခံမှု ပြန်ရအောင် ကြိုးပမ်း နိုင်ဦးပါ့မလား။ ရိုက်ကူး- ဟင်္သာနီ (မွန်မြေ)
Source : http://ift.tt/2nGSsSu
via IFTTT
Source : http://ift.tt/2nGSsSu
via IFTTT
The Voice
စဉ့်ကိုင်မှ ဒုရဲအုပ်တစ်ဦးကို အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် မန္တလေး၊ ဧပြီ ၅ စဉ့်ကိုင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ စဉ့်ကိုင်မြို့နယ် ကျွဲနဖားကျေးရွာမှ တောင်သူတစ်ဦး လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ခိုင်းနွားနှစ်ကောင် ဝယ်ယူမောင်းယူလာစဉ် ယင်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် စိုးမိုးအောင်က ငွေကျပ်နှစ်သိန်း တောင်းယူခဲ့သည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စဉ့်ကိုင်မြို့နယ် ကျွဲနဖားကျေးရွာမှ တောင်သူ ဦးဝင်းလွင်က ယင်းမြို့နယ် ဇော်ဂျီကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့မှ ခိုင်းနွား အထီးနှစ်ကောင် ဝယ်ယူကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ၎င်းနေထိုင်ရာ ကျေးရွာသို့ မောင်းနှင်လာစဉ် မီးသွေးဘုတ် ကျေးရွာအုပ်စု ရဲရွာသစ်ကျေးရွာ အနီးတွင် ဒုရဲအုပ်စိုးမိုးအောင်က ငွေတောင်းယူခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံ တင်ပြသည့် စဉ့်ကိုင်မြို့နယ် ရဲစခန်း၏ ကြေးနန်းတွင် ဖော်ပြထားသည်။ ယင်းသို့ ငွေကြေးတောင်းယူမှုကို တောင်းယူခံရသူ ဦးဝင်းလွင်က မန္တလေးတိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းကော်မတီ စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာတွင် ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ စစ်ဆေးရေးမှူး ဦးဇော်ထွန်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ကြေးနန်းအရ သိရသည်။ ဒုရဲအုပ် စိုးမိုးအောင်သည် လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦး အနေနှင့် တာဝန်ထမ်းဆောင်နေစဉ် ရာထူးတာဝန်ကို အလွဲသုံးခဲ့သည့်အတွက် စဉ့်ကိုင်မြို့မ ရဲစခန်းက (ပ) ၁၁၁/၂၀၁၇၊ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/79vjpH
via IFTTT
Source : https://goo.gl/79vjpH
via IFTTT
Tuesday, April 4, 2017
Myanmar Fire Services Department
၄.၄.၂၀၁၇ ရက်နေ့၊ ဝရး၃၀ အချိန်၊ သာကေတမြို့နယ်၊ ၁၂ ရပ်ကွက်၊ ခိုင်ရွှေဝါ ၇ လမ်းနှင့် ၈ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။
Source : http://ift.tt/2nxZkSd
via IFTTT
Source : http://ift.tt/2nxZkSd
via IFTTT
Sunday, April 2, 2017
YESC-CallCenter
(၂.၄.၂၀၁၇) ရက်နေ့ ည (၁၁းဝဝ)နာရီ အချိန်တွင် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်ပြီးသဖြင့် စက်မှုဇုန်နှင့်အများပြည်သူသို့ပှံမှန်အတိုင်းဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်းအသိပေးပန်ကြားအပ်ပါသည်
Source : http://ift.tt/2n0i5lP
via IFTTT
Source : http://ift.tt/2n0i5lP
via IFTTT
Saturday, April 1, 2017
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
၁.၄.၂၀၁၇ ရက်နေ့၊ ၁၀း၁၅ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဂ ရပ်ကွက်၊ လွပ်လပ်ရေးလမ်း မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။
Source : http://ift.tt/2oJb4Cm
via IFTTT
Source : http://ift.tt/2oJb4Cm
via IFTTT
Subscribe to:
Posts (Atom)