သဘာဝဓာတ်ငွေ့သိုက် ပတ္တမြားစီမံကိန်းရဲ့ လုပ်ငန်းများဆောင်ရွက်မှာဖြစ်တာကြောင်း လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မယ်လို့ ဆိုပါတယ်။ သဘာဝဓာတ်ငွေ့သိုက် ရတနာစီမံကိန်း ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ပတ္တမြားစီမံကိန်း ရဲ့ LCP:_low Compression Platform လုပ်ငန်း များထဲမှ Train လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့မှာ ဧပြီ ၁၂ ရက်မှစပြီး စုစုပေါင်း ၉ ရက်ကြာ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြတ်တောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မှာ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ၊ ဧပြီ ၂၉ ရက်နဲ့ ၃ဝ ရက်၊ မေလ ၂ဝ ရက်နဲ့ ၂၁ ရက်တို့မှာ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြတ်တောက်သွားမှာဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြောင်း ဆင်ဟွာမြန်မာပိုင်း သတင်းက ဖော်ပြထားပါတယ်။ ပတ္တမြားစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းသွားမှုကို ပတ္တမြားစီမံကိန်း က ဖြည့်ဆည်းပေးသွားနိုင်မယ်လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ စီမံကိန်းများနဲ့ ပတ်သက်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က “လက်ရှိမှာ ရတနာစီမံကိန်းက တစ်ရက်ကို ကုဗပေ သန်းပေါင်း ၈၈ဝ (880 Mcfd ) ထွက်ရှိနေပြီး ပြည်ပအတွက် 650 Mcfd နဲ့ ပြည်တွင်းသုံးအတွက် 230 Mcfd ထုတ်လုပ်နေတာပါ၊ ၂ဝ၁၈ က စပြီး ထုတ်လုပ်နိုင်မှုက တဖြည်းဖြည်း လျော့ကျ သွားမှာကြောင့် အဲဒီလျော့ကျမှုကို ဖြည့်နိုင်ဖို့ပတ္တမြား စီမံကိန်းကို ဆောင်ရွက်နေတာပါ” လို့ ပြောကြားကြောင်း ဆင်ဟွာမြန်မာ သတင်းမှာ ဖော်ပြပါတယ်။ ပတ္တမြား စီမံကိန်းသည် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ TOTAL E & P Myanmar Co., Ltd. တို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ရတနာ စီမံကိန်းရဲ့ M-5, M-6 အတွင်းရှိ သီးခြား သဘာဝဓာတ်ငွေ့သိုက်တစ်ခု ဖြစ်ပြီး ရတနာ စီမံကိန်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ တည်ဆောက်ရေးကာလ သုံးနှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တည်ဆောက်မှုလုပ်ငန်းများ ၉၅ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာာ အဆိုပါ စီမံကိန်း ပြီးစီးပါက ရတနာစီမံကိန်းရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျလာခြင်းကို ပြည့်မီအောင် ၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၂၁ -၂ဝ၂၂ ခုနှစ်ခန့်အထိ ဖြည့်ဆည်းပေးနိုင်မယ်လို့ သိရပါတယ်။ Credit : XinnuaMyanmar
Source : http://ift.tt/2o7Y3TH
via IFTTT
No comments:
Post a Comment