Sunday, September 11, 2016

အိန္ဒိယအချမ်းသာဆုံး ပုဂ္ဂိုလ်၏ ကုမ္ပဏီသစ်က အခမဲ့ 4G အင်တာနက်ဖြင့် အိန္ဒိယ မိုဘိုင်းဈေးကွက်သိ

အိန္ဒိယအချမ်းသာဆုံး ပုဂ္ဂိုလ်၏ ကုမ္ပဏီသစ်က အခမဲ့ 4G အင်တာနက်ဖြင့် အိန္ဒိယ မိုဘိုင်း စျေးကွက်သို့ ဝင်ရောက်လာ မွမ်ဘိုင်းဆင်ခြေဖုံးရှိ Reliance စတိုးဆိုင် အပြင်ဘက်တွင် အခမဲ့ အင်တာနက် သုံးစွဲနိုင်မည်ဟု ကတိပြုထားသော ဖုန်းကတ်အသစ်များကို လူအမြောက်အမြားက တန်းစီစောင့်ဆိုင်း နေကြသည်။ အိန္ဒိယ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သော မူကက်ရှ်အမ်ဘာနီသည် ၂၀၁၆ ခုနှစ်၏ လက်ကျန်ကာလများ၌ အင်တာနက်အခမဲ့ သုံးစွဲနိုင်သည် ဟူသော ကတိနှင့်အတူ သူ၏ 4G ကွန်ရက် အသစ်ကို မကြာသေးမီက မိတ်ဆက် ကြေညာခဲ့သည်။ အိန္ဒိယ၏ မိုဘိုင်းစျေးကွက်ကို ပုံစံသစ် သွန်းလောင်းမည့် အမ်ဘာနီ၏ အစီအစဉ်ကြောင့် ပြိုင်ဘက် ဖြစ်သော Airtel ကလည်း သူ၏ 3G နှင့် 4G ဝန်ဆောင်မှု စျေးနှုန်းများကို ရာခိုင်နှုန်း ၈၀ အထိ လျှော့ချပစ်ခဲ့သည်။ ထို့ပြင် အိန္ဒိယ၏ နောက်ထပ် မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်သော Vodafone ကလည်း သူ၏ ဝန်ဆောင်မှုများအတွက် စျေးနှုန်းများကို လျှော့ချခဲ့သည်။ သို့သော်လည်း စွမ်းအင်လုပ်ငန်းမှသည် ဓာတုပစ္စည်းများအထိ လုပ်ငန်းမျိုးစုံ၌ လုပ်ကိုင်နေသော Reliance က ကျောထောက်နောက်ခံ ပေးထားသည့် Jio ကုမ္ပဏီအား ပြိုင်ဘက်များက ယှဉ်ပြိုင်ရန် ရုန်းကန်ရမည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားသည်။ “အင်တာနက်သုံးတာကို အကန့်အသတ်မဲ့သုံး၊ ပြီးတော့ စျေးသက်သာမယ် ဆိုတာကြောင့် Jio က ကျွန်တော့်ဖုန်း အသုံးစရိတ်တွေကို လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မွမ်ဘိုင်းရှိ အွန်လိုင်းကုန်သွယ်ရေး၌ လုပ်ကိုင်နေသူ ပွတ်ပရာယာဒက်က ပြောကြား ခဲ့သည်။ Jio နှင့် အခြားကွန်ရက်များ ပြိုင်ဆိုင်မှုက စားသုံးသူများအတွက် ကောင်းမွန်ကြောင်း သူက ပြောကြားခဲ့သည်။ ကွက်ကျားဖြစ်သော ဖုန်းကွန်ရက်၊ ဖုန်းဆက်သွယ်ပြောဆိုမှု မကြာခဏ ပြတ်တောက်သွားခြင်း၊ စျေးနှုန်းကြီးမြင့်ခြင်းနှင့် 3G အင်တာနက် မြန်နှုန်းတို့က အိန္ဒိယမိုဘိုင်း စျေးကွက်တွင် ကြာမြင့်စွာ ဖိစီးနေခဲ့သည်။ Reliance ရဲ့ Jio ကြောင့် အင်တာနက်သုံးတာတွေ စျေးသက်သာသွားပြီး မြန်နှုန်းကလည်း ကျန်တဲ့သူတွေထက် ပိုကောင်းလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု မွမ်ဘိုင်းရှိ အိန္ဒိယ ရေတပ်အရာရှိ အမစ်ဘီဆွာက ပြောကြားခဲ့သည်။ မိုဘိုင်းအတွက် ဒေါ်လာ ၂၀ ဘီလျံ ရင်းနှီး မြှုပ်နှံထားသော အမ်ဘာနီသည် လူတစ်ဘီလျံကျော်က အင်တာနက် အသုံးမပြုနိုင်သေးသော အိန္ဒိယတွင် အလွန်မြန်သော အင်တာနက်ဖြင့် စျေးကွက်ကို ပုံစံပြောင်းလဲသွား စေရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ အများပြည်သူသုံးဆိုင်ရာ wi-fi ကြိုးမဲ့ကွန်ရက် ရှားပါးပြီး မြန်နှုန်းမြင့်အင်တာနက် ရရှိနိုင်မှုလည်း အားနည်းသော အိန္ဒိယတွင် ကျေးလက်ဒေသများ၌ မြန်ဆန်သော အင်တာနက် ဝန်ဆောင်မှု ပေးနိုင်ရန် အခြေခံ အဆောက်အအုံများ နိမ့်ကျနေသည်။ စမတ်ဖုန်းများ အသုံးပြုမှု မြင့်တက်လာခြင်း နှင့်အတူ အိန္ဒိယ ပြည်သူ သန်းပေါင်းများစွာသည် လာမည့် ဆယ်စုနှစ်တွင် အင်တာနက်သုံးစွဲ လာကြမည်ဖြစ်ပြီး ထိုစျေးကွက်ကို နည်းပညာ ကုမ္ပဏီများဖြစ်သည့် Google နှင့် Facebook တို့က ပစ်မှတ်ထားနေသည်။ အင်တာနက် မသုံးစွဲနိုင်သေးသူများ သုံးစွဲနိုင်ရန်နှင့် ယခင်က အလွန်စျေးကြီးနေခဲ့သော အင်တာနက်ကို သုံးစွဲနေကြသူများ အတွက် အမ်ဘာနီက ၂၀၁၇ ခုနှစ် မတ်လ မတိုင်မီ အိန္ဒိယ၏ ရာခိုင်နှုန်း ၉၀ ကို လွှမ်းခြုံသော 4G ကွန်ရက်အား ရင်းနှီး မြှုပ်နှံမည်ဖြစ်သည်။ “ဒါက ပြိုင်ပွဲအခြေအနေကို လုံးဝပြောင်းလဲပစ်မှာပါ” ဟု မွမ်ဘိုင်းရှိ Ipsos စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းမှ သုသေတနတာဝန်ခံ ဘာစကာကာနာဂါရာဂျိုးက ပြောကြားခဲ့သည်။ Reliance ၏ အစီအစဉ်အရ အင်တာနက် သုံးစွဲမှုသည် ယခင်က ပေးနေရသော 1GB လျှင် ၃ ဒသမ ၇ ဒေါ်လာ၏ ၁၀ ပုံ တစ်ပုံခန့်သာ ကုန်ကျတော့မည် ဖြစ်သည်။ ထို့ပြင် အမ်ဘာနီက ပြိုင်ဘက်များအနေဖြင့် ၎င်းတို့၏ အင်တာနက် ဝန်ဆောင်မှု ကုန်ကျစရိတ်များကို ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိ လျှော့ချရန် မျှော်လင့်ထားသည်။ စျေးချိုလာနေသော စမတ်ဖုန်းများနှင့် ဆိုပါက Jio ၏ 4G ကွန်ရက်ကြောင့် အင်တာနက်သုံးစွဲသူ တစ်ရှိန်ထိုး မြင့်တက်လာမည် ဖြစ်သည်။ ထို့ပြင် နှေးကွေးသော 2G ကွန်ရက် သုံးစွဲသူများကလည်း 4G သို့ ပြောင်းလဲလာကြမည်ဖြစ်သည်။ အိန္ဒိယ၏ အင်တာနက်စျေးကွက်၏ သုံးပုံနှစ်ပုံခန့်ကို Airtel၊ Idea နှင့် Vodafone တို့က လွှမ်းမိုးထားသည်။ စျေးကွက်သို့ ဝင်ရောက်စ ကုမ္ပဏီဖြစ်သော Jio က သုံးစွဲသူ သန်း ၁၀၀ ခန့်ကို အချိန်တိုအတွင်း ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ အခမဲ့ဆိုသည့် ဆွဲဆောင်မှုများကြောင့် သုံးစွဲသူများက စိတ်ဝင်စားနေ ကြသော်လည်း ဝန်ဆောင်မှုက ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ သို့သော်လည်း မွမ်ဘိုင်းတွင် Jio ဆင်းမ်ကတ် တန်းစီဝယ်ယူသူများက တားမရ ဆီးမရ ဖြစ်နေသည်။ ဘိုပါမှ ဟိုတယ်စီမံခန့်ခွဲမှု ကျောင်းသားတစ်ဦးဖြစ်သူ ဂျီရှနူပရာဆက်က သူသည် Vodafone ၏ အင်တာနက်ကို သုံးစွဲသူဖြစ်သော်လည်း Jio ကို ပြောင်းသုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Ref : AFP
Source : http://ift.tt/2c7t2et
via IFTTT

No comments:

Post a Comment