ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနမ်ကို ဥက္ကဌအဖြစ် ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ သံဃာတော်တွေနဲ့ လူအင်အား ၂၀၀ လောက်က ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲမှာ ရပ်ကွက် နေပြည်သူတချို့နဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ အင်အား ၂၀ လောက်က ၀င်ရောက် တားဆီးခဲ့ရပါတယ်။ RFA သတင်းထောက် ကိုကျော်စိုးလင်းက တင်ပြထားပါတယ်။ ရိုက်ကူး - ထက်အာကာ၊ သီဟထွန်း၊ အောင်သိင်္ခ/ RFA
Source : http://ift.tt/2cb9nNJ
via IFTTT
No comments:
Post a Comment