၁၅၇ လမ်းရှိ တိုက်ခန်းတစ်ခုတွင် လေထု အဆိပ်သင့်ရာမှ တစ်ဦး သေဆုံး တာမွေမြို့နယ်၊ (၁၅၇)လမ်းရှိ ငါးလွှာ တိုက်ခန်းတစ်ခုတွင် စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက လေအေးပေးစက် တပ်ဆင်ထားသည့် အလုံပိတ် တိုက်ခန်းထဲ မိသားစုဝင် လေးဦး လေထု အဆိပ်သင့်ရာမှ သတိလစ်မေ့မြောခဲ့ပြီး အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးမှာ ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ လေထုအဆိပ်သင့်ရာမှ အလုံပိတ်တိုက်ခန်းထဲ သတိလစ်နေသော မိသားစုထံ ယင်းနေ့က ၎င်းတို့၏ မိတ်ဆွေမှ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့သောကြောင့် ပတ်ဝန်းကျင်နေသူများထံ အသိပေးပြီး 199 ဖုန်းနံပါတ်သို့ သတင်းပေးပို့ခဲ့ ကြောင်း၊ ယင်းနောက် ရပ်ကွက်နေသူများက တိုက်ခန်းရှိ သော့ခတ်ထားသည့် သံပန်းတံခါးကို ဖျက်ဆီးကာ အထဲဝင်ရောက် ကြည့်ရှု့ခဲ့စဉ် ပါးစပ်မှ အမြုပ်များထွက်ပြီး မေ့မြောလဲကျနေသည့် မိသားစုဝင် လေးဦးကို တွေ့ရှိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်စိုးက ပြောကြားသည်။ Read More ====> https://goo.gl/tM8iDZ
Source : https://goo.gl/tM8iDZ
via IFTTT
No comments:
Post a Comment