Wednesday, September 14, 2016

ဘိုကလေး တွင် ရေငုတ်၍ ခရုစမ်းသူ မိချောင်းကိုက်၍သေဆုံး

ဘိုကလေးမြို့နယ်ရှိ မြင်းကအုပ်ချောင်းဆုံတွင် ဘဲအစာအတွက် ရေငုတ်၍ ခရုစမ်းသူ အမျိုးသားတစ်ဦး မိချောင်း ကိုက်ခံခြင်းကြောင့် သေဆုံး ခဲ့ကြောင်း ဘိုကလေးမြို့မရဲစခန်း ထံမှ သိရှိရသည်။ မြင်းကအုပ် ကျေးရွာတွင် နေထိုင်သူ အသက် ၄ဝ နှစ်အရွယ် ဦးမျိုးထွန်းသည် မြင်းကအုပ် ကျေးရွာမှ ကိုက် ၂ဝဝ ခန့်အကွာရှိ မြင်းကအုပ် ချောင်းဆုံတွင် ဘဲစာကျွေးရန်အတွက် ရေငုတ်ကာ ခရုစမ်းနေစဥ် မိချောင်းကိုက်ချီ ဆွဲသွားသည် ကို သောင်းပုန်း ကျေးရွာနေ ဒေါ်ခင်မာရီ ကလှေဖြင့် ချောင်းဖြတ်ကူးစဥ် တွေ့မြင်ရခြင်းဖြစ်ကြောင်း ဘိုကလေးမြို့မ ရဲစခန်း၏ စစ်ဆေးချက်တွင် ဖေါ်ပြပါရှိသည်။ ဒေါ်ခင်မာရီ၏ အော်ဟစ် အကူအညီတောင်းမှုကြောင့် ရွာသားများ ရောက်ရှိလာပြီး လိုက်လံရှာဖွေရာ မိချောင်းစတင် ကိုက်ဆွဲခံရသည့် အခင်းဖြစ်နေရာနှင့် ၁ဝ ပေခန့် လတာကမ်းစပ်တွင် ယာဖက် ရင်အုံနှင့် ကျောကုန်းပေါက်ပြဲ သွေးထွက် ဒါဏ်ရာ၊ ဝဲကျော ပေါက်ပြဲ သွေးထွက်ဒါဏ်ရာ၊ ယာလက် မောင်းရင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများ ရရှိကာ သေဆုံးနေပြီးဖြစ်သော ဦးမျိုးထွန်းကို တွေ့ရှိရပြီး ဘို ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့သည်။ “ဘိုကလေးမြို့နယ်ဒေသက ရေငန်ရေချိုစပ် ဖြစ်တယ် လမုတောနဲ့ လတာပြင်တွေ ဓနိတောတွေလို ဒီရေတောတွေ ရှိတယ် မိချောင်းတွေ အသိုက်ကိုက်တဲ့ ဒေသပါ ဒါကြောင့် ဒေသတွင်းကလူတွေ မကြာခဏ မိချောင်း ကိုက်ခံရတာမျိုးတွေ ရှိပါတယ်” ဟု ဘိုကလေးမြို့ခံ ဦးကျော် နိုင်ဦးက The Voice သို့ ပြောကြားသည်။ ဓာတ်ပုံ - ဘိုကလေး မြို့နယ်ရဲတပ်ဖွဲ့
Source : https://goo.gl/5g3Enu
via IFTTT

No comments:

Post a Comment