မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ပြီး ချုပ်ရမန် ယူမည် ဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ ဒုတိယအကြိမ် ချုပ်ရမန် ယူမည့် သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင် မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Source : http://goo.gl/fG8k6B
via IFTTT
No comments:
Post a Comment