Thursday, September 15, 2016


တရုတ်နိုင်ငံသို့ အဖိုးတန်သစ်များ ၇ မိနစ်လျှင် ၁၅ တန်ပါ ကားတစ်စီးနှုန်းဖြင့် တရားမဝင်ရောက်ရှိဟုဆို သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသော မြန်မာနိုင်ငံမှ အဖိုးတန်သစ်များသည် ၇ မိနစ်လျှင် ၁၅ တန်ပါ သစ်တင်ကား တစ်စီးနှုန်းဖြင့် တရုတ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသည်မှာ မှန်ကန်ပြီး တရားမဝင် သစ်ခိုးထုတ် တင်ပို့မှုများကို အရှိန်အဟုန်မြှင့်၍ ဖမ်းဆီး၊ အရေးယူသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။ စက်တင်ဘာ ၁၄ က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့် ရပ်ဆိုင်းရန်နှင့် တရားမဝင် သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာ အရေးယူရန် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ မေးမြန်းမှုကို လာရောက် ဖြေကြားရာတွင် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေခြင်းမှာ စိုးရိမ်ဖွယ် အခြေအနေဖြစ်နေပြီး မြန်မာ့သစ်တောများမှ တရားမဝင် ထုတ်ယူခဲ့သည့် သစ်များကို ၇ မိနစ်လျှင် ၁၅ တန်ပါ ကားတစ်စီးနှုန်းဖြင့် တရုတ်နိုင်ငံအတွင်းသို့ တစ်နှစ်ပတ်လုံး ပျက်ရက်မရှိ နေ့စဉ်ဖြတ်သန်း ဝင်ရောက်နေသော်လည်း အရေးယူမှု ပြုလုပ်ခြင်း မရှိကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဦးအောင်ကျော်ကျော်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တရားမဝင်သစ်များ ခိုးထုတ်၊ သယ်ဆောင်နေမှုကို စီမံချက်ချ ဖမ်းဆီးအရေးယူခြင်း၊ သတင်းရယူ စုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဖမ်းဆီးခြင်း၊ ပုံမှန်အစီအစဉ်ဖြင့် ဖမ်းဆီးခြင်းနှင့် ပြည်ပသို့ ခိုးယူ သယ်ဆောင်နိုင်သည့် လမ်းကြောင်းများတွင် ပိတ်ဆို့ဖမ်းဆီးခြင်းဟူ၍ အစိုးရသစ် လက်ထက်တွင် အဆိုပါ နည်းလမ်းငါးသွယ်ဖြင့် ဖမ်းဆီးလျက်ရှိပြီး ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီး ဦးအုန်းဝင်းက ဆိုသည်။ အစိုးရသစ် လက်ထက်တွင် ဧပြီလမှ ဩဂုတ်လကုန်အထိ ငါးလအတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြား စုစုပေါင်း ၁၉,၁၀၈ ဒသမ ၃၁၃၅ တန်၊ တရားခံ ၃,၃၁၆ ဦးနှင့် ယာဉ်ယန္တရား ၉၉၂ စီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ အရှိန်အဟုန် တိုးမြှင့်ပြီး ဖမ်းဆီး အရေးယူသွားမည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
Source : https://goo.gl/B8I5bD
via IFTTT

No comments:

Post a Comment