နိုင်ငံ ခြားဘာသာတက္ကသိုလ်(ရန်ကုန်)၏ ညနေပိုင်းသင်တန်းများဖြစ်သော အခြေခံ Basic Level-1 ဘာသာစကား ကိုးမျိုးကို အွန်လိုင်းမှစတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၏ ညနေပိုင်း Certificate တန်းများကို စက်တင်ဘာ၂၁ရက်မှစတင်ပြီး အွန်လိုင်းမှ လူပြည့်သည်အထိ လက်ခံမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် ညနေပိုင်းဘာသာရပ်သင်တန်းများမှာ တရုတ်၊ အင်္ဂ လိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း၊ မြန်မာ၊ ဂျာမန်ဘာသာရပ်များဖြစ်ပြီး ယင်းသင်တန်းများကို တက်ရောက်လိုသူများသည် http://ift.tt/2cshBxz နှင့် http://ift.tt/2co59SR တွင် ရယူပြီးလျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားမည့်သူသည် အီးမေးလ်အကောင့်ရှိရန်လို အပ်ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်မှသိရသည်။ ''ဒီလို အွန်လိုင်းကနေလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။အရင်ကဆို ကျောင်းမှာလာလျှောက်တာမျိုးဆိုရင် တန်းစီပြီးစောင့်ကြရတယ်။ အဲဒီအခါကျတော့ လူတွေတရုန်းရုန်းနဲ့ ဒုက္ခရောက်ပါတယ်။ ဒါ ကြောင့် အား လုံးလည်းအဆင်ပြေ အောင် အွန်လိုင်းကလျှောက်ထားဖို့လုပ်တာပါ''ဟု နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါညနေပိုင်းသင်တန်းကို စက်တင်ဘာ၂၁ရက် နံနက် ၉ နာရီမှ စတင်လက်ခံသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော လူဦးရေပြည့်မီပါက လျှောက်ထားမှုလက်ခံခြင်းကို ရပ်ဆိုင်း မည်ဖြစ်ကြောင်း ညနေပိုင်းသင်တန်းများအတွက် လူဦးရေကိုကန့်သတ်ထားကြောင်း သိရသည်။ ''စတက်ရမှာကတော့ ဒီလကုန် ၃ဝ ရက်နေ့ဖြစ်မှာပါ။ လျှောက်ထားတာကို သတ်မှတ်ထားတဲ့အရေအ တွက်ရောက်ရင် ဥပမာ ၄ဝဝ၊ ၅ဝဝ ပြည့်သွားရင်တော့ ဖောင်လက်ခံတာ ပိတ်လိုက်မှာပါ''ဟု ၎င်းက ဆက် လက်ပြောသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်ညနေပိုင်းသင်တန်းများထဲတွင် စိတ်ဝင်စားမှုများသောသင်တန်းမှာ အင်္ဂလိပ်စာသင်တန်းဖြစ်ကြောင်း၊ အင်္ဂလိပ်စာသင်တန်းကို နောက်ဆုံးခေါ်ယူစဥ်က သင်တန်းသားဦးရေကို ၆ဝဝ ကျော် သတ်မှတ်ထားပြီး အခြားသင်တန်းများကိုတက်ရောက်သည့် အရေအတွက်အတိုင်း ခေါ်ယူခဲ့ကြောင်းသိရသည်။ ညနေပိုင်းသင်တန်းများ၏ သင်တန်းကာလမှာ အင်္ဂလိပ်စာသင်တန်းအတွက် သုံးလတက်ရောက်ရ မည်ဖြစ်ပြီး ကျန်ဘာသာများမှာ ခြောက်လ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ ATK #democracytoday
Source : http://ift.tt/2cshBxz
via IFTTT
No comments:
Post a Comment