Monday, September 12, 2016


ဆန္ဒပြပွဲသတင်းယူသည့် သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်သူများအား ဗဟန်းတရားရုံးတွင် တရားစွဲဆို ဆန္ဒပြပွဲသတင်းယူသည့် သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်သူများအား စက်တင်ဘာ (၁၂)ရက်တွင် ဗဟန်းတရားရုံးတွင် တရားစွဲဆိုမှု ပြုလုပ်ကြောင်း ကာယကံရှင် သတင်းထောက်များ ပြောပြချက်အရ သိရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင်း စက်တင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ဆန္ဒပြပွဲတွင် သတင်းယူသည့် သတင်းထောက်များအား ဆန္ဒပြသူများက ခြိမ်းခြောက်ရန်လုပ်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ် ခံရသည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ်ရေးရာ အကြံပေး ကော်မရှင်အား ကန့်ကွက် ကြသည့် ဆန္ဒပြပွဲတွင် ဒေသခံပြည်သူများနှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်စကားများ ပြောဆိုပြီး ရုန်းရင်းဆန်ခတ် မှုတွေ ပေါ်ပေါက် ခဲ့သည်။ ထိုသို့ဖြစ်ပွားသည်များကို သတင်းယူသည့် သတင်းဓာတ်ပုံ ရိုက်ကူးသည့်ကို မလိုလားသည့် ဆန္ဒပြသမား အချို့မှ ကင်မရာထဲရှိ ဓာတ်ပုံတွေ သိမ်းဆည်းထားရာ အလက်ထရောနစ် မှတ်ဉာဏ်ကတ်ပြား (Memory Card ) ပေးရန် အတင်းအကျပ် တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ရာ သတင်းယူသည့် သတင်းထောက်များအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းသမားများအား memory card ပေးရန် အတင်းအကျပ်တောင်းဆိုမှု ပြုလုပ်ရာတွင် မြန်မာဓာတ်ပုံသတင်းထောက် အေဂျင်စီမှ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော် အပါအ၀င် သတင်းသမား ၃ ဦးမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းခံရသည့်အတွက် စက်တင်ဘာ ၁၁ ရက်တွင် ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ကာ ယနေ့တွင် ဗဟန်းတရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ ကိုမြတ်သူကျော်က “မနေ့က တိုင်ချက် လုပ်ထားတယ်။ အမှုက တအောင့်နေ တင်တော့မှာ” ဟု The Ladies မှ စက်တင်ဘာ ၁၂ ရက် ၁၂ နာရီကျော်ခန့်က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။ ထိုကဲ့သို့ ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူများအနေဖြင့် စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဗဟန်းတရားရုံးတွင် တရားစွဲဆိုခြင်းများ ပြုလုပ်ပြီး ညနေ ၃ နာရီ အချိန်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ စိုင်းဟန် The Ladies News http://ift.tt/2cQ66PE
Source : http://ift.tt/2cQ66PE
via IFTTT

No comments:

Post a Comment