Monday, September 12, 2016

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ရုရှား ရေတပ်များ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်

ပိုင်နက် အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ် ပင်လယ် ရေပြင်တွင် တရုတ်က ရုရှားနှင့် ပူးပေါင်းပြီး ရေတပ် စစ်ရေးလေ့ကျင့်မှု တစ်ရပ် စတင်နေပြီ ဖြစ်သည်။ စက်တင်ဘာ ၁၂ ရက်တွင် အစပြုသည့် စစ်ရေးလေ့ကျင့်မှုသည် တောင်တရုတ်ပင်လယ် အရေးတွင် တရုတ်ဘက်မှ ထောက်ခံ ရပ်တည်မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လူသိရှင်ကြား မှတ်ချက်ပေးခဲ့ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Joint Sea-2016ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို ၈ ရက်ကြာ ပြုလုပ်မည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။ တရုတ်ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ လျောင်ယန်းက “ဒီစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ ရေတပ်ဖွဲ့တွေရဲ့ တိုက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တွေ၊ ရေယာဉ်အခြေစိုက် ရဟတ်ယာဉ်တွေနဲ့ မရိန်း ကမ်းတပ်စစ်သည်တွေ ပါဝင်ကြမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ “ဒီပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘော ကြားဖြတ် ဟန့်တားရေး ကဏ္ဍတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ပြီးတော့ ကျွန်းသိမ်း စစ်ဆင်ရေးတွေနဲ့ တခြားလုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တရုတ်ရေတပ်ဖွဲ့ဝင် အများစုသည် တောင်တရုတ်ပင်လယ် ရေတပ်ဖွဲ့မှဖြစ်ကြောင်းလည်း သိရသည်။ “အရင်စစ်ရေးလေ့ကျင့်မှုတွေနဲ့ ယှဉ်ကြည့်ရင် အခုတစ်ကြိမ်က ပိုလေးနက်ပြီး လုပ်ဆောင်မှုလည်း ပိုကျယ်ပြန့်တယ်။ စီမံကွပ်ကဲမှု၊ တပ်ဖြန့်မှုတွေရဲ့ ထိရောက်နိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်တယ်။ အထူးသဖြင့် ရေတပ်ရဲ့ စံနှုန်းနဲ့ ပြန်ကြားရေး ကဏ္ဍတွေကို ပိုပြီး ချဉ်းကပ် ပြင်ဆင်ထားတယ်”ဟုလည်း လျောင်က မှတ်ချက်ပေးခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဇူလိုင်လက တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ တရုတ်သည် တောင်တရုတ်ပင်လယ် ရေပိုင်နက် ခွဲဝေရေး ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံအချို့နှင့် သဘောထား ကွဲလွဲမှုများ ရှိနေရာ ယခုစစ်ရေးလေ့ကျင့်မှုက အခြေအနေကို ပိုမို တင်းမာလာစေဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ Ref: New York Times
Source : http://ift.tt/2cxIams
via IFTTT

No comments:

Post a Comment