ဒီနေ့ည ၁၁း၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားကြမယ့် ဖီယင်နုအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းကို ဒေးလီးစတား သတင်းစာက အခုလိုပဲ သုံးသပ်တင်ပြပေးထားပါတယ်။ ဂိုး - ဒီဂီယာ ဂိုးသမားနေရာမှာတော့ ဒီဂီယာကိုပဲ တွေ့ရဖို့ ရှိနေပြီး မော်ရင်ဟိုအနေနဲ့ အပြောင်းအလဲ ပြုလုပ်သွားဖို့ မရှိလောက်ပါဘူး။ နောက်တန်း - ဖိုဆူမန်ဆက်၊ ဘိုင်လီ၊ စမောလင်း၊ ရိုဂျို မန်စီးတီးနဲ့ ပွဲစဉ်တုန်းက အရံခုံမှာသာ ရှိနေခဲ့တဲ့ စမောလင်းနဲ့ ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်တဲ့ ရိုဂျိုတို့က ဒီပွဲမှာ ပွဲထွက်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒါ့အပြင် ဒဏ်ရာရနေတဲ့ လုခ်ရှောရဲ့ နေရာမှာ လူငယ်ကစားသမား ဖိုဆူမန်ဆက် ပွဲထွက်ဖို့ များနေပြီး ဗလင်စီယာကိုတော့ အရံခုံမှာပဲ တွေ့ရဖို့ ရှိနေပါတယ်။
Source : https://goo.gl/LE8P6n
via IFTTT
No comments:
Post a Comment