Thursday, September 15, 2016


ဗိဿနိုးမြို့ဟောင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက် ကမ္ဘာ့ယဉ်ကျေးမှု အ မွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ ဟောင်းအတွင်း ယခုနှစ်နှင့် လာ မည့်နှစ်အတွက် စီမံကိန်းသုံးခု ရေးဆွဲကာ ယူနက်စကိုသို့ တင် ပြရန်ရှိပြီး လက်ရှိတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်နေ ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘ဒီနှစ်ကစပြီး ဗိဿနိုးဒေသ အတွင်းမှာ စီမံချက်သုံးခုချပြီး လုပ်သွားဖို့ရှိတယ်။ ဒါကို ၂၀၁၇ နှစ်ကုန်မှာ ယူနက်စကိုကို တင်ပြ မှာဖြစ်ပါတယ်။ အခုကတော့ ဒီ မှာရှိတဲ့ ရှေးဟောင်းအုတ်ကုန်း တွေ၊ ကုန်းဘောင်ခေတ် နှောင်း ပိုင်းက ဘုရားတွေ သဘာဝဘေး အန္တရာယ်ကျရောက်မှု မရှိစေရေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါ တယ်’’ဟု ဗိဿနိုးမြို့ဟောင်းရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။ ဗိဿနိုးမြို့ဟောင်း သဘာဝဘေးအန္တရာယ် ကာကွယ်စီမံချက်များ၊ ခရီးသွားများအတွက် ခရီးသွားလာရေးဆိုင်ရာလုံခြုံရေး စီမံချက်များနှင့် ယူနက်စကို စာရင်းဝင်မြို့ဟောင်းဇုန်များတွင် ဒေသခံ လူထုဖွံ့ဖြိုးမှုစီမံချက်စသည့် စီမံချက်များကို ၂၀၁၇ တွင် ယူနက်စကိုသို့ တင်ပြမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူးက ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းက လှုပ်ခတ်သည့် ငလျင်ကြောင့် ဗိဿ နိုးဒေသအပါအဝင် ယူနက်စကို စာရင်းဝင် ရှေးဟောင်းဒေသများ ရှိ ရှေးဟောင်းအဆောက်အအုံ များ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် ဗိဿနိုးမြို့ ဟောင်းအတွင်း ရှေးဟောင်းအုတ် ကုန်းများ၊ ကုန်းဘောင်ခေတ် နှောင်းပိုင်း ဘုရားစေတီများကို မိုးရွာသွန်းချိန် ထိခိုက်ပျက်စီးမှုမရှိစေရေး အမိုးအကာများ ဆောင်ရွက်ပေးခြင်းနှင့် မီးဘေးအန္တရာယ် မရှိစေရေး ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ဦးနိုင်ဝင်းက ဆိုသည်။
Source : http://ift.tt/2czQK0q
via IFTTT

No comments:

Post a Comment