Thursday, September 15, 2016

စသုံးလုံးညွှန်မှူးကို သတ်ခဲ့သည့် အမှုမှ တူဖြစ်သူကို ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် နေထိုင်သည့် စသုံးလုံးညွှန်မှူး (ငြိမ်း) ကို သတ် ဖြတ်ခဲ့သည့် အသက် (၄၃) နှစ်အရွယ် တူဖြစ်သူကို စက်တင်ဘာ ၁၄ ရက် ည ၈ နာရီတွင် မကွေး တိုင်း ဆင်ပေါင်ဝဲမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ သေဆုံးခဲ့သူ အသက် (၇၇) နှစ်အရွယ် ဦးအောင်မြင့်ကို စက်တင်ဘာ ၆ ရက်တွင် တစ်အိမ်တည်းနေ တူတော်စပ်သူ အသက်(၄၃)နှစ် အရွယ်ရှိ ထွန်းထွန်း (ခ) ထွန်းဝင်းအောင်နှင့် စကားများ ရန်ဖြစ်ရာမှ သံလျက်ပုံစံ အရိုးအသွား ခုနစ်လက်မရှိ ချွန်ထက်သည့် အရာဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။ ‘‘လူသတ်မှုကျူးလွန်သူကို ဆင်ပေါင်ဝဲမြို့နယ် ထောက်မ ကျေးရွာအုပ်စု ဂွေးချိုကျေးရွာက ဘုန်းကြီးကျောင်းမှာ ဖမ်းမိတယ်။ ဖမ်းမိတဲ့အချိန်က ည ၈ နာရီ လောက်မှာ မိတယ်။ ရန်ကုန်က အခင်းဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့ နယ်အပိုင်နဲ့ဆက်ပြီး တရားခံကို လွှဲပေးလိုက်တယ်’’ဟု မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူကို အမှတ်(၂) တပ်မတော်ဆေးရုံသို့ တင်ပို့စဉ်ကနေအိမ်လှေကားရင်းတွင် ခေါင်း မူးရာမှ လဲကျခဲ့သည့် ဒဏ်ရာများ ဖြစ်သည်ဟုဆိုကာ လိမ်လည် ပြောဆိုခဲ့ပြီး စစ်ဆေးသည့် အခါတွင် ချွန်ထက်သည့် လက်နက်ဖြင့် အထိုးခံရသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည့်အတွက် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းကို ဆရာဝန်များက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ‘‘ဆေးစစ်ချက်အရ လူသတ်မှု ပေါ်ပေါက်လာတဲ့အတွက် မိသားစုတွေကို မေးကြည့်တယ်။ သူတို့ကလည်း အမှန်အတိုင်း ပြောတဲ့အခါ ပြစ်မှု ကျူးလွန်သူကိုလည်း ဖမ်းနိုင်ခဲ့တယ်။ အသတ်ခံရတဲ့ သူကတော့ ရရှိတဲ့ဒဏ်ရာနဲ့ ၈ ရက်နေ့ မနက်မှာ သေဆုံးသွား ပါတယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ် မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ လူသတ်မှုကျူးလွန်သူ အသက် (၄၃) နှစ်အရွယ်ရှိ ထွန်းထွန်း (ခ) ထွန်းဝင်းအောင်ကို သင်္ဃန်းကျွန်း မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း သိရသည်။
Source : http://ift.tt/2cg5dRT
via IFTTT

No comments:

Post a Comment