iPhone 7 Plus နှင့် ‘Jet Black’ iPhone 7 ရောင်းကုန်ပြီဟု Apple ထုတ်ပြန် iPhone 7 Plus နှင့် ‘Jet Black’ iPhone 7 မော်ဒယ်နှစ်ခု ရောင်းကုန်သွားခဲ့ကြောင်း Apple က အတည်ပြု ထုတ်ပြန်ခဲ့သည်။ အဆိုပါ iPhone မော်ဒယ်များသည် ကြိုတင် မှာယူမှု ကာလအတွင်း ရောင်းကုန်သွားခဲ့ခြင်း ဖြစ်ကြောင်း Apple မှ ထုတ်ပြန်သွားခဲ့သည်။ iPhone 7 တွင် Jet Black မော်ဒယ်မှာ ရောင်းကုန်ခဲ့သလို iPhone 7 Plus တွင်မူ ရောင်စုံမော်ဒယ်အားလုံး ပစ္စည်းပြတ်သွားပြီ ဖြစ်သည်။ အဆိုပါဖုန်းများကို စက်တင်ဘာလ ၁၆ ရက်တွင် Apple လက်လီဆိုင်များ၌ ဝယ်ယူ ရရှိနိုင်တော့မည် မဟုတ်ပေ။ “iPhone 7 နဲ့ iPhoen 7 Plus ရဲ့ ကနဦး တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး မပျော်ဘဲ မနေနိုင်ပါဘူး။ ဆက်လက်ပြီး ကမ္ဘာတစ်ဝန်းက လက်လီဆိုင်များနဲ့ partner များမှတစ်ဆင့် ရောင်းချမှုတွေ စတင် ပြုလုပ်ဖို့ ရည်မှန်းထားပါတယ်။ သောကြာနေ့ကစပြီး iPhone 7 ငွေရောင်၊ ရွှေရောင်၊ Rose Gold နဲ့ အနက်ရောင် ကန့်သတ်အလုံးရေ အရေအတွက် အတိုင်း Apple လက်လီစတိုးတွေမှာ ရောင်းချပေးမှာပါ။ အွန်လိုင်း ကြိုင်တင်မှာယူမှု ကာလအတွင်းမှာ iPhone 7 Plus နဲ့ iPhone 7 Jet Black တွေရောင်းကုန်သွားခဲ့လို့ လက်လီစတိုးမှာ မရောင်းချနိုင်တော့ပါဘူး။ iPhone အရောင်စုံ မော်ဒယ်က တည်နေရာအလိုက် ပြောင်းလဲနိုင်တာဖြစ်လို့ သက်ဆိုင်တဲ့နေရာနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အကြံပြုလိုပါတယ်” ဟု Apple က ထုတ်ပြန်သွားခဲ့သည်။ ယူကေရှိ Apple အွန်လိုင်းစတိုးတွင် ‘Jet Black’ iPhone 7 128GB နှင့် 256GB storage မော်ဒယ်များ ပေးပို့မည့်အချိန်ကို ၃ ပတ်မှ ၅ ပတ်ဟုဖော်ပြထားသည်။ iPhone 7 Plus ‘Black’ ဗားရှင်းကို ၂ ပတ်မှ ၃ ပတ်အတွင်း ရရှိနိုင်သော်လည်း ‘Jet Black’ ဗားရှင်းကို နိုဝင်ဘာလမှသာ ရရှိနိုင်မည် ဖြစ်သည်။ Apple သည် စက်တင်ဘာလ ၇ ရက်က ပြုလုပ်ခဲ့သောပွဲတွင် iPhone 7 နှင့် iPhone 7 Plus ကို မိတ်ဆက်ခဲ့သည်။ iPhone 7 Plus တွင် dual-camera ပါဝင်လာသောကြောင့် လူစိတ်ဝင်စားမှု သိသိသာသာမြင့်တက်လာခဲ့သည်။ ထို့အပြင် Apple အနေဖြင့် ထုတ်ကုန်များအတွက် ‘Jet Black’ အရောင်သစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့သေးသည်။ Ref: TrustedReviews http://ift.tt/2d0oMwh
Source : http://ift.tt/2d0oMwh
via IFTTT
No comments:
Post a Comment