Thursday, September 15, 2016

DVB TV News

ရွာသားများအားသတ်ဖြတ်မှုဖြင့် တပ်မမှူးအပါဝင် ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင် ၅ နှစ်စီချမှတ် မိုင်းယော်ရွာသား ၅ ဦး သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တပ်မမှူးအပါအဝင် အရာရှိစစ်သည် ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ လားရှိုးမြို့နယ်က မိုင်းယော်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွာသား ၅ ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လယ် ၃ နာရီအချိန်လောက်က အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှာ မြန်မာ့တပ်မတော်မှ တပ်မမှူးအပါဝင် အရာရှိစစ်သည် ၇ ဦးကို စစ်တရားရုံးနဲ့ စစ်ဆေးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ကာ အရပ်ထောင်ကို ပို့သွားမယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။ ဒီစီရင်ချက်ကို ကာယကံရှင်မိသားစုဝင်တွေ ရှေ့မှောက်မှာ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေ ကတော့ ကျေနပ်မှုသိပ်မရှိပါဘူး။ သေဆုံးသူတွေရဲ့ အမျိုးသမီးတွေမှာ သားသမီးတွေ ၂ ယောက်၊ ၃ ယောက်စီရှိနေတာကြောင့် သူတို့ရဲ့ မိသားစုဘဝတွေအတွက်လည်း လုံးလောက်တဲ့ ထောက်ပံ့မှုတွေ ပံ့ပိုးပေးဖို့ ဆန္ဒရှိနေကြပါတယ်။ ဒီလို စီရင်ချက် ချမှတ်ခဲ့တာကို တပ်မတော်ဘက်ကတော့ တရားဝင် ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
Source : http://ift.tt/2czce0A
via IFTTT

No comments:

Post a Comment